ဖာဆန်ဒါရီပန်းခြံ ~ဖာဆန်ဒါရီ ပန်းခြံကတော့ အီတလီမြို့ရဲ့ နာမည်အကြီးဆုံးပန်းခြံကြီးဖြစ်သလို ဟောလီးဝုတ်နာမည်ကြီးရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရေး အမြဲလာလုပ်တဲ့နေရာတစ်ခုလည်းဖြစ်တယ်။
ဝန်းတစ်ခုလုံးတွင်လည်း နိဗ္ဗာန်သဖွယ် မတူညီတဲ့ပန်းပေါင်း တစ်ထောင်ကျော် စိုက်ပျိုးထားပြီး
ချစ်သူစုံတွဲများလည်း မကြာခဏ မင်္ဂလာဆောင်
လာပြုလုပ်လေ့ရှိသည်။
ဖာဆန်ဒါရီ ပန်းခြံထဲမှာ ရှိတဲ့အရာအားလုံးဟာ လိုအပ်တာထက်ပို၍ ပြီးပြည့်စုံလှသော်လည်း
ထိုပန်းခြံထဲတွင် JungKook အကြိုက်ဆုံးကျူးလစ်ပန်းခင်းတော့ စိုက်ပျိုးထားခြင်းမရှိ။" JungKook ဟိုးက အပင်ကြီးတွေ့လား အဲ့တာ အချစ်သစ်ပင် နှစ်ပေါင်းတစ်ရာ ကျော်နေပြီ "
" အင်း "
" ခဏနေ ငါတို့အဲ့ကို သွားပြီး ဓာတ်ပုံရိုက်မယ်နော် "
" ဟုတ်ပြီ "
ပန်းခြံသွားလည်ရန် စခေါ်သောသူမှာ စိတ်မကြည် နေပုံရပြီး ပန်းခင်းထဲ ရောက်တဲ့အထိ တစ်လမ်းလုံး စကားကောင်းကောင်းမပြောတာကြောင့် Deanသူ့ဘက်ကသာ စခေါ်နေရသည်။
" JungKook ငါရေခဲမုန့်စားချင်တယ် "
" ခဏလေးစောင့် သွားဝယ်ပေးမယ် "
မကြာလိုက်ပါ ရေခဲမုန့်နှစ်ခုကိုင်ပြီး ပြေးလာတဲ့သူ။
" ဒီမှာရပြီ "
" ကျေးဇူး "
" Dean "
" အင်း "
" မနေ့က မမကို ကော်ဖီနဲ့ပက်ခဲ့တယ်ဆို ဟုတ်လား "
JungKook ဘက်မှ စကားစပြောလာပြီမို့လို့ ချက်ချင်းထူးပြီး သေချာနားထောင်ရန် ပြင်လိုက်သော်လည်း သူသဘောမကျတဲ့အကြောင်းရာဖြစ်နေသည်။
" အဲ့အကြောင်း မပြောချင်ဘူး "
" ဟက် တကယ် ပက်ခဲ့တာဘဲ ဒါဖြင့် မမ က
ကျွန်တော့်အတွက် သူစိမ်းမဟုတ်ဘူးဆိုတာ
Deanမသိဘူးလား "" မသိဘူး ငါကဘာလို့သိပေးရမှာလဲ "
" Dean ! "
အရှေ့တစ်ပတ်လုံး ဆေးရုံမှာသာ နေပြီး
ဘွားဘွားကို ဂရုစိုက်နေတာကြောင့် JungKookကို
ပစ်ထားမိသလို ခံစားရကာ ဘွားဘွားနေမကောင်းဖြစ်နေသည့်ကြားကပင် ပန်းခြံကို သွားဖို့လက်ခံခဲ့သည်။ကိုယ်တိုင်ကလည်း ပတ်ဝန်းကျင်အသစ်၌ လေးလံနေတဲ့ စိတ်တွေ နဲနဲအပန်းပြေလို့ ပြေငှား။ နောက်ပြီး JungKookကိုလည်း လွမ်းနေတဲ့အပြင်
ဒီရက်ပိုင်း အချိန်မပေးနိုင်တာက ဘွားဘွားကျန်းမာရေးကြောင့်ဆိုတာလည်း ရှင်းပြဖို့။
ထိုသို့ အတွေးများစွာဖြင့် ရည်ရွယ်ပြီး လိုက်ခဲ့ပေမဲ့ JungKookသူ့ကို သွားလည်ဖို့ခေါ်တာဟာ
သူ့အမ အကြောင်းတွေ မေးဖို့ဖြစ်နေသည်။
YOU ARE READING
Rainbow playlists in Dean
Romanceမီလန်မြို့ရဲ့ ညကောင်းကင်ယံလိုကြယ်ပေါင်းများစွာခိုအောင်းနေသော မျက်လုံးဝိုင်းဝိုင်းလေးမှစသည်....။