Part-14 🌈

47 3 0
                                    


" ကျွန်တော်တို့ ဘယ်သွားလည်ကြမလဲ မမ "

" ရုပ်ရှင်သွားကြည့်မယ် Kook "

" အိုကေ မမသဘော "

ဒီအပတ် ဆိုဟီး အချိန်အား၍ JungKookနဲ့ တူတူအပြင်သွားလည်ရန် ချိန်းဆိုခဲ့သည်။
JungKook ဘက်မှ သူမကို ချိန်းဆိုရန် စောင့်နေခဲ့သော်လည်း အလုပ်မတွင်တာကြောင့် သူမဘက်ကသာ စလှုပ်ရှားခဲ့ရသည်။

" ဒါနဲ့ စားဖို့ သွားဝယ်မလို့ ပေါက်ပေါက်ဆုပ်က ဘာအရသာယူမလဲ မမ "

မမနဲ့ အတူရှိနေသော်လည်း JungKook အတွေးထဲတွင် အရင်က Deanနဲ့ ပတ်သတ်တဲ့ ပုံရိပ်တွေသာ တရိပ်ရိပ်ပြန်ပေါ်လာသည်။ ' အဟက်... အဲ့တုန်းက Deanတော်တော်ရှက်နေခဲ့တာဘဲ '
JungKook ပါးစပ်မှ ပြောလည်းပြော ရယ်ပါရယ်နေသောကြောင့် ဆိုဟီးပြောတာတွေ မကြား‌နေပါ။

" Kook ! ဘာတွေတွေးပြီး ရယ်နေတာလဲ...
မမပြောတာတွေ နားထောင်နေရဲ့လား "

" ဟမ် ! "

" စတော်ဘယ်ရီအရသာ ယူမယ်လို့ "

" ပြီးတော့ရော ... "

" ကျန်တာကတော့ Kook စားချင်တဲ့ဟာဘဲ ဝယ်ခဲ့လိုက် တူတူစားမယ် "

" ဟုတ်ပါပြီဗျာ... "

" ဝါး ... ဒါလေးက ဘယ်သူလေး ပါလိမ့် "

Deanကိုယ့်အတွေးနဲ့ကိုယ် ခေါက်ဆွဲထိုင်စားနေတုန်း မျက်စိရှေ့ရောက်လာတဲ့ သန်မာသန်မာ
ယောင်္ကျားသား သုံးယောက်။
တစ်ယောက်သောသူကတော့ သူအရင်က
AgustD အတွက် ပါးရိုက်ခဲ့တဲ့ကောင် ဖြစ်ပြီး
ကျန်နှစ်ယောက်ကတော့ မသိပါ မြင်လည်းမမြင်ဖူး ။

" ဟေ့ အလှလေး... မတွေ့တာကြာပြီနော် !
ဒီနေ့က တစ်ယောက်တည်းပေါ့ "

လူကို မတူမတန်သလို မျက်လုံးဖြင့် တချက်သာ
စိုက်ကြည့်၍ အကြည့်လွှဲသွားပုံသည် ‌
ခန္ဓာကိုယ်အတွင်းရှိ သွေးအားလုံး ဆူပွက်လာစေရန် အကြောင်းဖန်တော့သည်။

" မင်း စားပြီးသွားရင် ကိုယ်နဲ့တူတူ အချိန်သွားဖြုန်း
ကြမလား ! "

လက်တစ်ဖက်ကို အတင်းဆွဲယူ၍ ရိသဲ့သဲ့ ပြောလာတဲ့ စကား အသွားအလာကြောင့် Dean စားလက်စ ခေါက်ဆွဲများလည်း ဆက်မစားနိုင်တော့ပါ။
ဟူး... သူကိုက လျှာရှည်တာပါ ဒီနေ့မှ ဒီခေါက်ဆွဲ အစပ်ကို အရမ်းစားချင်နေ၍ တစ်ယောက်တည်း လာမိခြင်း ၊ ဆိုင်ကလည်း သူနေတဲ့ နေရာတဲ့ လှမ်းပြီး လူ စိတ်တဲ့ အရပ်ဖြစ်တဲ့အပြင် လာရောက်စားသောက်တဲ့လူပါ မရှိသောကြောင့် မျက်စိရှေ့က
အရူးကောင်တွေကို ဘယ်လိုပထုတ်ရမလဲဆိုတာ
မစဉ်းစားတတ်တော့။
ဒါ့အပြင် အခုထိ မလွှတ်‌ပေးဘဲ အတင်းဆွဲ
ယူထားတဲ့ လက်ကောက်ဝတ်မှာလည်း နီရဲပြီး
အရာတောင်ထင်နေပြီ။

Rainbow playlists in Dean Nơi câu chuyện tồn tại. Hãy khám phá bây giờ