Part -19 🌈

54 4 0
                                    


" အန်ကယ် ဘွားဘွားအခြေနေ ဘယ်လိုလဲ "

ကျောင်းကိစ္စများပင် အပြီးမသတ်နိုင် Dean ဆေးရုံကို ပြန်ပြေးရသည်။

" မနေ့က ဆေးအရှိန်ကြောင့် ခန္ဓာကိုယ်အတွင်းပိုင်း
နဲနဲ ထိခိုက်သွားတာ အခုအဆင်ပြေသွားပြီ "

" ဟုတ်ကဲ့အန်ကယ် ဒါနဲ့အခြားထူးခြားတဲ့ လက္ခဏာ‌ တွေပေါ်လာသေးလား "

" စောင့်ကြည့်နေရတုန်းဘဲ "

အရေးပေါ်လူနာဖြစ်သည့်အလျောက် ဘွားဘွား ကျန်းမာရေးမှာ တစ်ရက်ထက်တစ်ရက် ပို ပိုဆိုးလာသည်။ အသက်အရွယ်အပိုင်းအခြားကြောင့်လည်းဖြစ်လိမ့်မယ်။ ဘွားဘွား အသက်သာ လူလတ်ပိုင်းအရွယ်ဆို ဒီ သွေးသွင်းကုတုံးနဲ့ အောင်မြင်နိုင်ခြေမှာ
၆၀ရာခိုင်နှုန်းအထက်ထိ ရှိပေမဲ့ အခုဟာက တစ်ဆယ်ရာခိုင်နှုန်းလောက်ကို မနည်းဆွဲဆန့်ထားရတာကြောင့် ကျွန်တော်ကိုယ်တိုင်လည်း
အရမ်းပင်ပန်းရသည်။

" ဒါနဲ့ Dean ကျောင်းကဘယ်လိုလုပ်ထားလဲ
စာမေးပွဲဖြေဖို့ ဘယ်လောက်မှမကျန်တော့ဘူးဆို "

" ဟုတ်တယ်အန်ကယ် ဒီအပတ်ပြီးရင် စပြီ "

" အကုန်အဆင်ပြေတယ်မလား "

" ဟုတ် "

အကုန် အဆင်ပြေတယ်မလား ဆိုတာက စာမေးပွဲ တစ်ခုတည်းကို ရည်ရွယ်ပြီး မေးတာမဟုတ်မှန်း
သိသော်လည်း အရာအားလုံးကို အကုန်အဆင်ပြေအောင် စိတ်ကို ကြိုးစားတည်ဆောက်ထားတာမို့လို့ အဆင်ပြေတယ်သာ အထပ်ထပ်ပြောခဲ့သည်။

" သား ဦီး‌လေးတို့ရောက်ပြီ အခုက ဆေးရုံမှာဘဲမလား "

" ဟုတ်တယ် ဦးလေး အဆောင် လေး ရဲ့ အခြားဝင်ပေါက်ကနေ ဝင်ခဲ့လိုက် ကျွန်တော် လာခေါ်လိုက်မယ် "

ဘွားဘွား၏ ကျန်းမာရေးအခြေနေကို အသိပေးရန်
ကိုးရီးယား‌နိုင်ငံမှ ဖေ့ဖေ့ရဲ့ တစ်ဦးတည်းသော အကို ကို ခေါ်ယူဆက်သွယ်ခဲ့ပေမဲ့ သူကလွဲရင် အကုန်လုံးက ဘွားဘွားကျန်းမာရေးအကြောင်းသိနေပြီးဖြစ်သည်။ ဟူး... နောက်ထပ်သူမသိအောင်
ဘွားဘွားလျို့ဝှက်ထားတဲ့ အကြောင်းရာတွေ ဘယ်လောက်တောင်ထပ်ရှိနေမလဲ မသိ။

Rainbow playlists in Dean Hikayelerin yaşadığı yer. Şimdi keşfedin