Part -27 🌈

73 5 0
                                    


" ဟင်............. "

သူရိုက်ပြီးတာနဲ့ တန်းလဲကျသွားတဲ့ Jeonကြောင့်
Jimin မျက်လုံးကလေးတွေဝိုင်းသွားပြီး ခြေလှမ်းများနောက်သို့ဆုတ်သွားသည်။

ငါရိုက်လိုက်တာအဲ့လောက်တောင်အားပြင်းသွားတာလား။ လူတစ်ယောက်လုံးမေ့လဲကျသွားလောက်တဲ့အထိလေ။

" ဟေး... ထတော့ "

" .............. "

" ဟေး...... ငါရဲမတိုင်တော့ဘူး ထတော့လို့ "

" ................. "

" JeonJungKook ငါမင်းကိုထတော့လို့ ပြောနေတယ်နော် "

" ............... "

ဘယ်လိုခေါ်ခေါ် တုတ်တုတ်မျှမလှုပ်တော့တာကြောင့် Jiminအရမ်းလန့်သွားကာ Jeonဘေးနားအ‌ပြေးလွှားပြန်ရောက်သွားသည်။

" Jung.... Jungkook  "

ထိလိုက်တာနဲ့ မီးခဲတမျှပူကျစ်တောက်နေတဲ့ ခန္ဓာကိုယ်။ ဘယ်ကတည်းကနေမ‌ကောင်းဖြစ်နေလဲ
မသိ။ တစ်ကိုယ်လုံးလည်း ချွေးစေးများပြန်ကာ ဖြူဖျော့နေသည်။ ဟူး...ဒီလောက်နေမကောင်းဖြစ်နေတောင် ဆေးရုံမသွားဘဲ ဒီမှာသူ့ကိုလာအနိုင်ကျင့်နေသေးသည်။ သိပ်ကိုစိတ်ရှုပ်စရာကောင်းတဲ့ကောင်။

မျက်လုံးဖွင့်တာနဲ့ စိမ်းသက်သက်နေရာတစ်ခု။
ဘယ်ကိုရောက်လို့ ရောက်နေမှန်းမသိ။
ခေါင်းတစ်ခုလုံးလည်း နာကျင်စွာကိုက်ခဲနေပြီး လက်မှာလည်းဆေးထိုးအပ်ရာဖြင့်။

" နိုးပြီလား "

ဟမ် ဒီအသံက.....။

" Ji.... Jimin ! "

" မင်းဘေးက စားပွဲပေါ်မှာဆေးနဲ့‌ရေရှိတယ် သောက်လိုက် သောက်ပြီးရင်ပြန်တော့ "

‌အိပ်မက် ဖြစ်နေမှာစိုးတာကြောင့်Jeon
ကိုယ့်လက်ကို မသိမသာလေးဆွဲဆိတ်ကာ နာသွားတော့မှ Jiminပြောတဲ့အတိုင်း ဘေးဘက်ကို ခေါင်းငဲ့၍ ကြည့်လိုက်သည်။ ဘယ်ကတည်းက အဆင်သင့်ပြင်ထားလဲမသိ ရှိနေတဲ့ ဆေးတချို့နှင့်ရေ။

" ကိုယ် မေ့လဲသွားခဲ့တာလား "

" ဟုတ်တယ် "

" အခုက Jimin အိမ်ရောက်နေတာလား "

" သိရက်သားနဲ့ ဘာလို့လာမေးနေတာလဲ  "

" ကိုယ်မသိဘူး "

Rainbow playlists in Dean Where stories live. Discover now