Part-12 🌈

57 3 0
                                    


" အာ ကျွန်တော်က JungKookရဲ့...... "

" သူငယ်ချင်း ! ကျွန်တော့်ရဲ့သူငယ်ချင်းပါ... "

Deanစကားတောင်မဆုံးလိုက် ရုတ်တရက်လုဖြေလာသော JungKook ကြောင့် သူတို့အကုန်လုံးတိတ်ဆိတ်သွားသည်။ ပြီးမှ ထိုတိတ်ဆိတ်မှုကို
ဆိုဟီးမှပြန်ဆက်၍ စကားပြန်စလာသည်။

" မင်းက Kookရဲ့ သူငယ်ချင်းအသစ်လား ?
တွေ့ရတာဝမ်းသာပါတယ်... တို့က သူရဲ့မမပါ "

" ဟုတ်ကဲ့ "

Dean ခေါင်းထဲတွင်
ဗလာဖြစ်သွား၍ ဘာမှမစဉ်းစားတတ်တော့...
ရင်ဘတ်ထဲရှိ နှလုံးသားမှာလည်း ဇစ်ကနဲ
ဓာတ်လိုက်သလို ဖြစ်သွားကာ မွန်းကြပ်လာသည်။

ဟူး...ဒါကဆေးပညာအရကြည့်ရမယ်ဆိုရင်
စိတ်အရမ်းလှုပ်ရှားသွား၍ ရုတ်တရက်
သွေးခုန်နှုန်းမြှင့်သွားကာ နှလုံးကို လေသွားရိုက်
သောကြောင့် အသက်ရှုမဝခြင်းဖြစ်သည်။
ဘာမှထွေထွေထူးထူးမဟုတ်။
စိတ်လှုပ်ရှားသွားရတာကလည်း JungKook ကြောင့်မဟုတ်သလို Jungkook စကားကြောင့်လည်းမဟုတ်ပါ။ ကလပ်ထဲမှာ ဖွင့်ထားတဲ့
ဆန်းဆန်းပြားပြား Beatသံတွေကြောင့်။

Dean မွန်းကြပ်‌နေတဲ့ရင်ဘတ်ကို ခပ်ပြင်းပြင်းတစ်ချက်ထုပြီးနောက် သူ့ရှေ့မှာချထားတဲ့ ရေခွက်ကို
တကျိုက်တည်းမော့သောက်လိုက်သည်။
JungKookကိုကြည့်မိတော့ ဘာအမှားမှမလုပ်ထားသလို ပကတိအတိုင်းပြုံးပြကာ သူသိပ်သဘောကျရတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ထပ်တူပြန်ကြည့်လာ
သည်။ ထိုအခါမှဘဲ ဝမ်းနည်းမှုကိုထိန်းမရ‌တော့ကာ
မျက်ဝန်းထဲ၌ မျက်ရည်များဝေ့တတ်လာတော့သည်။

" ဟို... သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်နော် "

" ကျွန်တော်လိုက်ပို့မယ် Dean "

" ရတယ်JungKook... မလိုက်ခဲ့နဲ့... "

Deanနေရာမှ မြန်မြန်ထကာ ဘယ်ဆီ‌နေမှန်းမသိတဲ့
သန့်စင်ခန်းကို အသည်းသန်လိုက်ရှာနေမိတယ်။
မျက်ဝန်းထဲမှ မျက်ရည်များကလည်း သူမငိုဘဲနဲ့ ကျနေသောကြောင့်လက်ဖြင့် ကြမ်းတမ်းစွာ
ဖယ်ရှားပစ်လိုက်သည်။

" JungKook မင်းဘာလို့ ...... "

" ဘာမှဆက်မပြောနဲ့ Tae မကြားချင်ဘူး ! "

Rainbow playlists in Dean Tempat cerita menjadi hidup. Temukan sekarang