Part-13 🌈

55 3 0
                                    


အီတလီမြို့ရဲ့ ညနေပိုင်း နေဝင်ချိန်သည်
အရမ်းကိုမှ လှပသည်။ကောင်းကင်တစ်ခုလုံးလည်း လိမ္မော်‌ရောင်သမ်းနေပြီး ပန်းရောင်းတဲ့‌ ဈေးသည်များကလည်း လမ်းတစ်လျှောက်၌ အစီအရီ။
လေပြေလေညှင်းများကလည်း တစ်ချက်ချက် တိုက်ခတ်နေသောကြောင့် ပန်းရနံ့များကလည်း
လေယူရာ ပျံ့လွှင့်‌ မွှေးကြိုင်လျက်ရှိသည်။
အသက်အရွယ်ကြီးတဲ့ ဘိုးဘိုးဘွားဘွားများကတော့
တစ်ယောက်ကိုတစ်ယောက် လက်တွဲကာ လမ်းလျှောက်နေကြပြီး လူငယ်တချို့ကတော့
နား၌ နားကြပ်ကိုယ်စီတပ်ကာ အုပ်စုဖွဲ့ စကိတ်စီး
ရန် လူစုနေကြသည်။

Dean တစ်ယောက် ကျောင်းဆင်းသော်လည်း အိမ်တန်းမပြန်နိုင်ဘဲ ဗိုက်အရမ်းဆာနေ၍ စားနေကျ ကော်ဖီဆိုင်၌ JungKookနဲ့ တူတူ မုန့်ဝင်စားနေသည်။

" စားကောင်းလား "

" အွင်း...အရမ်း...စား ကောင်း တွယ်.. "

JungKook တစ်သျူးတစ်ရွက်ယူ၍
Deanနှုတ်ခမ်းဘေး‌တွင် ပေကျန်နေသော
ကိတ်မုန့် ခရင်မ် များကို သုတ်ပေးလိုက်သည်။
ပါးစပ်ထဲမှာ မုန့်အပြည့်ထည့်၍ ဝါးနေသော Dean မှာ ဗိုက်အတော်ဆာနေပုံရပြီး ပြောတဲ့စကားများလည်း မပီသတော့ ။

" ဖျော်ရည်သောက်လိုက်ဦး Dean "

" အင်း "

" ဒီအပတ်ထဲ ဘွားဘွားမွေးနေ့ရှိတယ် JungKook...
အဲဒါကြောင့် ပိတ်ရက်ကျရင် လက်ဆောင်သွား
ဝယ်ပေးမှာ လိုက်ခဲ့မယ်မလားဟင် "

' နှစ်ယောက်တူတူသွားရအောင် ' လို့ Dean
မတောင်းဆိုသော်လည်း JungKook ကိုသူနဲ့အတူ သွားစေချင်တဲ့ ဆန္ဒမှာ အတိုင်းသားမြင်‌နေရသည်။ ဒါပေမဲ့လည်း ဒီအပတ် ပိတ်ရက်တွင် JungKookမှာ ချိန်းထားပြီးသား ဒိတ်တစ်ခုက ကြိုတင်ရှိနေပြီးဖြစ်သည်။

" ပိတ်ရက်မဟုတ်ဘဲ မနက်ဖြန် သွားပါလား Dean "

" မနက်ဖြန်က မရဘူး JungKook... လက်တွေ့စာမေးပွဲရှိလို့ တစ်နေကုန် အလုပ်ရှုပ်နေမှာ "

" အဲ့ဆို ဘယ်လိုလုပ်မှာလဲ... ပိတ်ရက်က ကျွန်တော်မအားဘူး သွားစရာရှိတယ် "

" သွားစရာကအရေးကြီးလို့လား JungKook...
မကြီးရင် ငါနဲ့လိုက်ခဲ့ပါ... ငါတစ်ယောက်တည်းသွားရမှာ ပျင်းတယ် "

Rainbow playlists in Dean Donde viven las historias. Descúbrelo ahora