" Jk မင်းဖုန်းလာနေတယ် Deanဆက်တာ "" မင်းကိုင်လိုက် ပြီးရင်ငါမအားသေးဘူးလို့ ပြောလိုက် "
" မပြောချင်ဘူးဟေ့ကောင် "
" အဲ့ဒါဆိုလည်းချလိုက် ပြီးမှငါပြန်ခေါ်လိုက်မယ် "
တစ်ပတ်နေမှ တစ်ခါလောက်ဆက်လာတဲ့ဖုန်း
ပြီးရင်လည်း သုံးမိနစ်တောင်မပြည့်။
ဖုန်းခေါ်ရင်အမြဲမကိုင်တာမို့ messagesတွေပို့သော်လည်း တစ်ခုမှဝင်မဖတ် ပြန်လည်းမဖြေ။
သူ့အဘွားနေမကောင်းလို့ မအားဘူးပြောပေမဲ့
အချိန်ပြည့် မအားတာက ဖြစ်နိုင်ပါ့မလား။" Kook ခြေထောက်က အရမ်းကိုနာလွန်းလို့ ထုံနေပြီ ဒရိုင်ဘာကို မြန်မြန်မောင်းခိုင်းပေး "
" ဟုတ်ပြီ "
" ဒရိုင်ဘာ ! ကားကို လိပ်လိုမောင်းမနေနဲ့ မြန်မြန်မောင်းပေး "
" ဟုတ်ကဲ့ခင်ဗျ "
" ခဏလေးဘဲစောင့် ရတယ်မလား နောက်ငါးမိနစ်ဆို ဆေးရုံရောက်ပြီ "
" ................. "
ဘာတန်ဆေးရုံ ~
" ရောက်ပြီမမ ကျွန်တော်လာချီမယ် ခဏလေး... "
" Tae မင်းကငါ့ဖုန်းနဲ့ ပိုက်ဆံအိတ် ခဏကိုင်ပေး "
" မင်း မချီနိုင်ရင် ဝှီးချဲခေါ်လိုက်ပါလား Jk "
" Kim Taehyung ! "
" မင်းကလည်း စတာကို ဘာလို့အဲ့လောက်စိတ်တိုနေတာလဲ "
သာမန်ဆေးရုံထက် ငါးဆလောက်ကျယ်ဝန်းသော
အနေအထား။ ဆေးရုံအရှေ့မျက်နှာစာကနေဘဲ
ဝင်သွားခဲ့ပေမဲ့ အထဲရောက်သွားတော့ လူအားလုံးတိတ်ဆိတ်ငြိမ်သက်နေတာကြောင့် ဘယ်ကိုဆက်သွားရမှန်းမသိဖြစ်ကာ ကောင်တာမှာထိုင်နေတဲ့ ဝန်ထမ်းတစ်ယောက်ကိုဘဲ အရေးပေါ် VVIP ကဘယ်မှာလဲမေးလိုက်သည်။ အဆောင်နံပါတ်လေးတဲ့ ဒီအရှေ့တည့်တည့်ကနေ သွားရင်သုံးဆောင်မြောက်ညာကွေ့ပြီးဓာတ်လှေကားနဲ့အပေါ်တက်သွားရင် ရောက်ပြီပြောတယ်။ထို့ကြောင့် သွားနေရင်းနဲ့ပင် သူတကယ်စိတ်ရှုပ်လာသည်။ ဘယ်လိုဆေးရုံမို့လို့ ဒီလောက် အဆောင်တွေများနေရတာလဲ။
ESTÁS LEYENDO
Rainbow playlists in Dean
Romanceမီလန်မြို့ရဲ့ ညကောင်းကင်ယံလိုကြယ်ပေါင်းများစွာခိုအောင်းနေသော မျက်လုံးဝိုင်းဝိုင်းလေးမှစသည်....။