ဒီနေ့ကျောင်းမှာ Dean တစ်ယောက်တည်းယောင်လည်လည်ဖြစ်နေသည်။အမြဲအတူရှိနေကျ AgustDကလည်းသူ့အဖေနဲ့ ရုတ်တရက်
ပဲရစ်လိုက်သွား၍ အစနတောင်ရှာမတွေ့
ပို့ထားတဲ့ message များ seenမပြသည့်အပြင်
ဖုန်းပါစက်ပိတ်ထားသည်။စာသင်ချိန်လည်းနှစ်ချိန်ဘဲရှိ၍ အိမ်ပြန်အနားယူရန်
တွေးနေတုန်း မရင်းနှီးတဲ့ဖုန်းနံပါတ်တစ်ခုမှဝင်လာသော messageတစ်ခု...📩 " Dean... ကျွန်တော် JungKook ဒီနေ့နေ့လယ်အားလား လျှောက်လည်ကြရအောင် "
Message ဖတ်ပြီးတာနဲ့ Dean၏မှိုင်းနေသောစိတ်များ အသစ်တဖန်တက်ကြွလာသည်။ ရင်ဘတ်ထဲရှိ အကောင်ပေါက်မှာလည်း သူ့စကားနားမထောင်တော့ ထိန်းမရအောင်ကို ခုန်ပေါက်နေသောကြောင့် ကတုန်ကရင်ဖြင့်သာ ပြန်စာရိုက်လိုက်သည်။ ပို့ပေးသောစာကြောင်းမှာမရှည်သော်လည်း လက်တုန်နေသောကြောင့် ၃မိနစ်လောက်နေမှရောက်သွားသည်။
📩 " နေ့လယ်ပိုင်း? အင်း အချိန်ရတယ် ဒါနဲ့ဘယ်သွားလည်မလို့လဲ JungKook "
📩 " ဒါဆိုရပြီ နေ့လည်****ကျ ကျွန်တော်လာခေါ်မယ် အဆင်သင့်ပြင်ထားနော် "
📩 " အင်း "
.....................
JungKook အမဲရောင်ဘွတ်ဖိနပ်တစ်ရံကို ထိုင်ခုံ၌ ကျကျနနထိုင်ဝတ်နေရင်းနာရီတစ်ချက်ကြည့်ကာ Tae ကိုတွေ့တော့အလိုက်တသိ မေးလိုက်သည်။
" Tae ငါအပြင်သွားမလို့ လိုက်ခဲ့ဦးမလား "
တစ်ကိုယ်လုံးနက်စွေးနေအောင် ဝတ်ဆင်ထားသော
JeonJungKookသည် ခပ်မိုက်မိုက်ပြင်ဆင်မှုနဲ့မှမလိုက် ခေါင်းလွတ်နေပြန်သည်။သူ့ကောင်လေးနဲ့ သွားဒိတ်မဲ့ကိစ္စကို လိုက်ဦးမလားတဲ့...ဒီကကောင်ကို
third wheels ဇာတ်သွင်းချင်ပုံရသည်။" မင်းအကြောင်းကြိုသိနေလို့ တော်ပြီ...
မလိုက်တော့ဘူး ကိုယ့်ဘာသာဘဲသွားလိုက်တော့! "အချိန်ကပ်နေပြီဖြစ်၍ JungKookလည်းဆက်မပြောတော့ သွားရမဲ့နေရာသာထွက်လာခဲ့လိုက်သည်။
အချိန်အားဖြင့် မိနစ်20ကြာပြီးနောက် သူ့အဝါလုံးလေးဆီသို့ တန်းတန်းမတ်မတ်ရောက်သွားပြီ။
YOU ARE READING
Rainbow playlists in Dean
Romanceမီလန်မြို့ရဲ့ ညကောင်းကင်ယံလိုကြယ်ပေါင်းများစွာခိုအောင်းနေသော မျက်လုံးဝိုင်းဝိုင်းလေးမှစသည်....။