Part-8 🌈

55 4 0
                                    


မနက်စောစောအိပ်ရာထလာတော့ မနေ့ကအရမ်းဝမ်းနည်း၍ငိုထားသော
မျက်လုံးများမှာ ဖောင်းပင်နေသည်။
‌ဒီ‌က‌နေ့ ကျောင်းသွားရမှာကိုသူ့မျက်လုံးတွေကအဆင်မပြေနေသောကြောင့် အလုပ်ရှုပ်အောင်ရေခဲဝတ်ကပ်ရတော့မယ်။ ဟင်း...ဒီပုံစံကြီးကအဆင်မပြေလိုက်တာ။

ဒါပေမဲ့လည်း ညက JungKookပို့ထားသောစာများကိုပြန်‌တွေးမိတော့ သူစိတ်လွတ်လက်လွတ်ရယ်မိပြန်သည်။
ဘယ်လိုဗရုတ်သုတ်ခ စကားတွေလဲ...
သူ့ကိုလွမ်းတယ်ပြောပြီး ဆူကဆူထားသေးသည်။
မသိရင်သူကကိုယ့်ထက်အကြီးလိုလို...။
ပြီးတော့ဒီကိစ္စကဆက်ဝမ်းနည်း‌နေလည်းဘာမှမထူးတာမို့ သူဘယ်လိုဖြေရှင်းမလဲသာ ခေါင်းအေး‌အေးနဲ့စဉ်းစားတော့မယ်။

JungKookနဲ့တွေ့ဖို့ကအထူးတလည်စိတ်ပူစရာမလို...ဘွားဘွားကနေ့တိုင်းအိမ်မှာမရှိတဲ့အပြင် တနင်္ဂနွေနေ့တစ်ရက်သာအလုပ်နားသောကြောင့် တနင်္ဂနွေနေ့တစ်ရက်ကလွဲ၍ ကျန်တဲ့ရက်အားလုံး
ကသူ့စိတ်တိုင်းကျ။
ပြောရင်းနဲ့ပင် သူ့‌ကောင်လေးကိုလွမ်းလာပြီ
မတွေ့ရတာတစ်ရက်လေးရှိသေးတာကို။

ဒေါက်...ဒေါက် !

" ဝင်ခဲ့လိုက်နာနီ... "

" Deanလေး... ထမင်းစားခန်းထဲမှာ ဘွားဘွားစောင့်နေတယ် ကျောင်းသွားဖို့ပြင်ဆင်တာက
ပြီးသွားပြီလား "

" ပြီးသွားပြီ နာနီမီလာ...ခုဆင်းလာပြီလို့ပြောလိုက်ပါ... "

ထမင်းစားစားပွဲတွင်နှစ်‌ယောက်တူတူစားရန်ထိုင်‌စောင့်နေသောဘွားဘွားကိုမြင်တော့
Dean စိတ်ထဲအလိုမကျ။ဘွားဘွားမျက်နှာမှာ
သိသိသာသာဖြူဖျော့နေ၍ နှုတ်ခမ်းများပင်ခြောက်နေသည်။ "နေမကောင်းတာတော့မဟုတ်လောက်ပါဘူး ဘွားဘွားကဆရာဝန်ဘဲသူ့ကိုယ်သူဂရုစိုက်ပါတယ်" ဆိုပြီး သူဘာတခွန်းမှထုတ်မမေး၊ မသိချင်ယောင်ဆောင်ကာ အတွေးများကျော်ချခဲ့သည်။

အခုချိန်သာ Deanသူ့အဘွားကိုနေမကောင်းဘူးလား
ဘာညာမေးပြီး ဂရုပြုမိလျှင် နောက်အချိန်ကျရမဲ့နောင်တတွေက အနည်းအများတော့လျော့ရင်‌လျော့သွားမှာ။အခုတွင်တော့မသေချာတော့။

Rainbow playlists in Dean Where stories live. Discover now