Part-3🌈

67 5 0
                                    

ဆိုးလ်မြို့ရှိ 'အင်နာ'ကျောင်း‌တော်တွင်တော့...

" ဘယ်လိုလဲ...အောင်, အောင်‌တော့ဖြေခဲ့တယ်မလား"

" မင်းလိုများထင်နေလား... JeonJungkookတို့က စာသာမရတာဉာဏ်ကတော့ရှယ်ကောင်းတာနော် one night-one subject ! "

" အေး အောင်ရင်တော့ကောင်းတာပေါ့... မဟုတ်ရင် မင်းတစ်ယောက်တည်းကျန်ခဲ့မှာဆိုးလို့"

အတူတူနဲ့အနူနူကို ပြိုင်နေတာကလည်း သူတို့ရဲ့နေ့စဉ်လုပ်ငန်းတစ်ခု။ ဒါ့အပြင် ဒီနေ့က ကျောင်းနောက်ဆုံးရက် ဖြစ်ပြီး ပိတ်ရက်ကိုအပြတ်အသတ်ကဲမယ့်သူတွေအတွက်တော့ အခွင့်ရေးတစ်ရပ်စတင်ပေါ်လာပြီဖြစ်သည်။

" Tae မင်းဘာလို့ ဒီနေ့မှနောက်ကျနေရတာလဲ...!!
ဒီလိုနဲ့ လေယာဉ်ချိန်လွတ်တော့မှာ..."

" အရမ်းနောက်မကျသေးပါဘူး...."
Taeကိုယ့်အမှားကိုယ်သိ၍ ခပ်တိုးတိုးသာဖြေလိုက်သည်။

ဒီတစ်ခေါက်သူတို့နှစ်ယောက်၏ပစ်မှတ်က အီတလီနိုင်ငံ မီလန်မြို့သို့ ဖြစ်သည်။ မီလန်တွင် KimTaeHyungအဖေ၏ အမျိုးရှိသောကြောင့် သွားရမည့် ခရီးမှာလည်း ချောချောမွေ့မွေ့။

လေယာဉ်ဆိုက်တာနဲ့ Taeအိမ်မှ လူကြီးများတန်းလာကြိုတယ်။နောက်ထပ် တစ်နာရီလောက် ကားထပ်စီးပြီးအကြာမှာတော့ သူတို့တည်းခိုမယ့်‌ အိမ်ရောက်သွားသည်။

" သားတို့ လာ..လာ.. ဝင်ခဲ့ကြ...ကိုယ့်အိမ်ကိုယ်ယာလို သ‌‌ဘောထားနော် ဘာမှအားနာစရာမလိုဘူး "

" ဟုတ်ကဲ့... " ဟုသာ နှစ်ယောက်သားပြောပြီး အိပ်ခန်းကိုယ်စီသို့ အနားယူရန်ဝင်သွားသည်။ဘာနှုတ်ဆက်စကားမှလည်း မပြောနိုင်... အိပ်ဖို့သာလောနေသည်။ ပထမဆုံးအနေနဲ့ ‌လေယာဉ်ကို 12ကျော်ကြာအောင် စီးခဲ့ရတာမလား။

...................

ဘာတန်အိမ်တော်၌.....

" ဟယ်လို...ဘွားဘွားကြီးလား..."

"အင်း ဘွားဘွားကြီး"

" နေကောင်းတယ်မလား "

" ကောင်းပါတယ်ကွယ်....ဒါနဲ့သား‌ဖေဖေရော.. "

" အပြင်ခဏထွက်သွားတယ် ဘွားဘွားကြီး...
ဖေဖေ့ဖုန်းကအိမ်မှာကျန်နေခဲ့တာ..."

Rainbow playlists in Dean Where stories live. Discover now