ကိုရီးယားမှာရှိကတည်းက အပျော်အပျက်ကိုဘဲ ဦးတည်နေတဲ့ခပ်ဆိုးဆိုးကောင်လေးနှစ်ယောက်
သိပ်ခမ်းနား သိပ်လှပတဲ့ မီလန်မြို့ကိုရော အပျော်သဘောဆိုပြီး အပျက်သဘောဆောင်တာတွေ ယူဆောင်လာဦးမှာလား...
ဒီတစ်ခေါက်ရော အဖြူရောင်ကျူးလစ်လေးပေးရုံနဲ့ တစ်ပါးသူ၏စိတ်ဒဏ်ရာကို ဖြေဖျောက်နိုင်ပါ့မလား။....................
အချိန်အားဖြင့် ညနေစောင်းနေစဝင်ချိန် လေးနာရီတိတိ....
"Taehyung တို့ သွားကြတော့မလို့လား..."
"ဟုတ် ဦးလေး!"
"အေး အေး ဘာပြဿနာမှမလုပ်ဘဲ ကောင်းကောင်းသွားစားပြီး ပြန်လာခဲ့နော်"
Taehyungဦးလေးဆိုသည်မှာ လိုတာအပ်ပိုမှာနေ၍ JungKook ကတော့ နားပူသည်ဟုဆို၍ အိမ်အပြင်ဘက်ကကားရှိရာသို့ အရင်ဆုံးထွက်သွားသည်။
ခဏကြာမှ ဟိန်းထွက်နေသောအသံကြီးဖြင့်..."KimTaeHyung!! မင်း နေခဲ့တော့မှာလား!!! "
"လာပြီ မင်းဆိုတဲ့ကောင်ကလည်းဇွတ်ကြည့်ဘဲ! "
"မင်းကရော ဘာတွေအထူးတလည်ထပ်နားထောင်နေတာလဲ မနေ့ညကတည််းက အကုန်နားထောင်ပြီးသားကိစ္စကို "
"မကောင်းတတ်လို့ပေါ့ကွ "
ခဏလေးအတွင်း ကားထဲ၌စကားသံများ တညံညံပဲ့တင်ထပ်သွားသည်။
တစ်ဖက်ရှိ ဘာတန်အိမ်တော်မှ Dean သည်လည်း အဝါရောင်ဦးထုတ်ကလေးနှင့်လိုက်ဖက်ညီစွာ
ကုတ်အင်ကျီအဝါရောင်လေးတွဲဖက်ဝတ်ဆင်ထားသည်။ဦးတည်ချက်ကတော့ AgustD နှင့်ချိန်းထားသော နာမည်ကြီးစားသောက်ဆိုင်သို့။" ဒီဆိုင်က နာမည်စောက်ရမ်းကြီးတယ် ကမ္ဘာကျော် Celeတွေတောင် လာစားတယ်... "
" အေး အဲ့တာတော့ဟုတ်တယ် ဆိုင်အတွင်းခန်း အပြင်ဆင်တွေကစ လုံးဝနန်းတော်ကြီးလိုလဲ... "
" သီချင်းဆိုတဲ့ တီးဝိုင်းလည်း ရှိတယ်
မင်းခဏနေ ဆိုချင်သွားဆိုလိုက် Tae ""Jk!! ဟိုမှာ မြန်မြန်ကြည့်လိုက်!!! "
ပြောနေတာကို နားမထောင်ဘဲ တံခါးထောင့်ချိုးလေးမှ ဖြတ်ဝင်လာသောသူကို ဇွတ်အတင်းခေါ်ပြနေသည်။သူလှည့်ကြည့်မိလိုက်တော့ ရင်းနှီးနေတဲ့ မျက်နှာဖူးဖူးလေး...အရင်ရက် ကျောင်းပွဲတော်မှာ Enchanted သီချင်းဆိုတဲ့ သူလေးမလား...
YOU ARE READING
Rainbow playlists in Dean
Romanceမီလန်မြို့ရဲ့ ညကောင်းကင်ယံလိုကြယ်ပေါင်းများစွာခိုအောင်းနေသော မျက်လုံးဝိုင်းဝိုင်းလေးမှစသည်....။