Intro

86.5K 1K 22
                                    

စက္ကူပန်း (or) ငါ့ခင်ပွန်းဟောင်းကပါမောက္ခ

စက္ကူပန်း (or) ငါ့ခင်ပွန်းဟောင်းကပါမောက္ခ

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

" ရှေ့မှာဆေးကျောင်းကြီးရှိပေမယ့်...ဒီကထွက်တဲ့ဘယ်ဆရာဝန်ကောင်ကမှ နင်တို့ကိုအတည်မယူဘူး...playယုံပဲ playမှာ"
ဆိုတဲ့အရပ်စကားကို ပြောင်းပြန်လှန်ပြီး..
ဆေးကျောင်းသားဟိုက်ပါ..နုနုထွတ်ထွတ်အဖြူတုံးလေးကိုမှ လက်ခမောင်းခတ်ရွေးယူနိုင်ခဲ့တဲ့... ပန်းနုနံ့သာ.. ဆိုတဲ့မိန်းမလှလေး။

မောင်.........တဲ့။
မောင်ကရှမ်းအမျိုးသားလေး...
မောင့်နာမည်က စောညီညီ/အငယ်ဆုံးမို့ အိမ်ခေါ်နာမည်ကအိုက်လင်း၊
ကောင်မလေးထက်ငယ်လို့မဟုတ်ပဲ..သူ့ကို
မောင်လို့ခေါ်စေချင်လို့ အတင်းခေါ်ခိုင်းတဲ့
ဇွတ်မောင်ကြီးပင်။

စာကလွဲရင်မသိခဲ့တဲ့ကောင်လေးဟာ..အချစ်ကိုစတွေ့ချိန်မှာတော့ အရူးအမူးဂမူးရှူးထိုးနဲ့
ချစ်တတ်ခဲ့ပြီး...
" မောင်တို့လက်ထပ်ရအောင်..."
" ဘာ ဘာပြောတယ်၊ ကျောင်းလည်းမပြီး၊အလုပ်လည်းမရှိပဲနဲ့..တောင်းစားမလို့လား.."
" မောင်ကျောင်းပြီးဖို့က ၂နှစ်ပဲလိုတော့တောပါ..
အလုပ်သင်ဖြစ်ရင်တောင်ဝင်ငွေရပြီပဲ..
ဒီကြားထဲတော့ မိဘအိမ်ကပ်နေကြတာပေါ့.."

ဘဝကိုရှည်ရှည်မတွေးပဲသူချစ်တဲ့မိန်းခလေး
ကိုသူ့ဘဝထဲရောက်အောင်ဇွတ်ခေါ်ခဲ့တဲ့မောင်ပင်....
>>>>>>
ရုပ်ရှင်တွေထဲမှာတော့ကောင်လေးနဲ့ကောင်မလေးလက်တွဲပြီးပြေးကြရင်..ပြီးပါပြီလို့စာတန်းထိုးကာရုံခါတတ်ပေမယ့်...
တကယ့်လက်တွေ့ဘဝကတော့အဲ့သည်လို ကောင်လေးနဲ့ကောင်မလေး..အတူလက်တွဲပြေးပြီးခဲ့တဲ့နောက်ပိုင်းမှစတာပါ...

ချစ်သူဘဝကပန်းနုရောင်နေ့ရက်တွေဆိုရင်..
အိမ်ထောင်သည်ဘဝကတော့အခါးရောင်ကြီးပါလားမောင်ရယ်....။

My Ex-husband is Professor /စက္ကူပန်းDonde viven las historias. Descúbrelo ahora