ရှီလင် .........
သိပ်လှပြီးရှေးကျတဲ့မြို့ သယံဇာတပေါကြွယ်ဝလို့ စီးပွားရှင်ရော နိုင်ငံရေးသမားတွေပါမျက်စိကျရာမြို့နယ်လေးအကအလှ ပါမကျန် သိုင်းပညာတွေပါ ထွန်းကားလွန်းလို့အနုပညာရှင်များစုဝေးရာမြို့လေးလို့လည်းခေါ်တယ်
ဤကဲ့သို့ပြီးပြည့်စုံတဲ့ မြို့နယ်လေးကိုအုပ်ချုပ်ဖို့ရောက်လာတဲ့ ဗိုလ်ချုပ်ကြီးရှောင်းရှောင်ကျန့်
ခန့်ညားလွန်းတဲ့ရုပ်ရည်သွင်ပြင်နဲ့ စမတ်ကျပြီး အလွန်တော်လို့နှင်းဆီများကြားရေပန်းစားတယ်
ပြီးပြည့်စုံတဲ့ မြို့အုပ်ထံမှာ သိပ်ကိုချောမောတဲ့ အမျိုးသမီးလေးလည်းရှိတယ် ပြီးပြည့်စုံတဲ့ မြို့အုပ်ရှောင်းနား မှာ လှပထက်မြတ်တဲ့ ယွမ်မိန့်လိုမိန်းမချောလေးရှိတာအဆန်းမှမဟုတ်တာပေ
သို့သော် .........ရွာထဲမှာတီးတိုးပြောနေကြသည်ကား ဒီည မြို့အုပ်မင်းအသစ်ပြောင်းလာမယ် ဆို၍ပင်
"ဒါဆို မြိုင်ဟေဝန်မှာ နောက်ထပ်မြို့အုပ်မင်းတစ်ယောက်နေတော့မှာပေါ့"
"ဟုတ်တာပေါ့ အခုရောက်တဲ့မြို့အုပ်က အရင်ဗိုလ်ချုပ်ဟောင်းတဲ့ သိပ်ထက်မြတ်ပြီး ကြောက်ဖို့ကောင်းတယ်တဲ့ အပြစ်သားကိုအပြစ်ပေးတာများမကျိုးကြေရုံတစ်မယ်ဒါတောင်လက်လွန်တာတွေရှိတယ်ဆိုပဲ"
"ဟုတ်လား "
"ကျန်သေးတယ်မြို့အုပ်မင်းကလေ သူ့အမျိုးသမီးကလွဲရင်တခြားပျိုမေတွေကိုစိတ်မဝင်စားဘူးတဲ့ ပြီးတော့စိတ်တိုအောင်သွားမလုပ်နဲ့နောက်နေ့ ခေါင်းနဲ့ကိုယ်တစ်ခြားစီဖြစ်သွားမယ်တဲ့"
"ဟာကြောက်စရာပါလား ဟားဟား "
"မင်းမကြောက်ရင်နေပေါ့ကွာငါကအနေထိုင်ဆင်ခြင်ရအောင်ပြောတာပါ"
"တော်ပါကွာညကျမြို့အုပ်မင်းကိုဂုဏ်ပြုပွဲလုပ်မှာမလား ငါသွားမလို့လိုက်မယ်မလား"
"ဘာသွားလုပ်မှာလဲဟ ညကျဖဲဝိုင်းရှိတယ်လေ"
"မြို့ပြရဲ့အလှကြယ်လေးကိုဖူးမြော်မလို့ပေါ့ကွာ"
"အေးပါကွာမင်းလည်းရူးမှာပဲ"
"ရူးလောက်အောင်လှမှတော့ဒီလူကရူးတာဆန်းသလားလေ ဟားဟားးး!!"
YOU ARE READING
မြို့အုပ်မင်းရဲ့မူပိုင်
Fanfictionဗီလိန်မင်းသမီးနာမည်ပြန်ပြောင်းထားပါတယ် အရမ်းဖတ်ချင်တယ်ပြန်တင်ပေးဆိုတဲ့ညီမလေးကြောင့်ပြန်တင်ပေးဖြစ်တာပါ မဖတ်ရသေးရင်ဖတ်ကြည့်ပါဗျ