အခန်း(၁)

3K 58 0
                                    

"သက်လျာ ...မနေ့က မင်းShare ပေးတဲ့ Serie က bl Serie ကြီး"

"အင်း   ဟုတ်တယ်လေ။ကြည့်ကောင်းတယ်မလား''

"မကောင်းပါဘူး။ယောက်ျားချင်းချင်းကြိုက်တာကြီးက တစ်မျိုးကြီးပဲ။မင်းက အဲ့လိုမျိုးကားတွေ ကြည့်တယ်ပေါ့"

"အင်း ဟုတ်တယ်လေ။ပြီးတော့ blဇာတ်ကားတွေကို ကြိုက်တယ်။အစကတော့ ကြည့်ရတာ တစ်မျိုးကြီး...နောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့ ကြိုက်လာတာ...ခုဆိုblကားတွေပဲ ကြည့်တတ်တော့တယ်။normal ကားတွေဆို မခံစားတတ်လာသလိုပဲ "

" သက်လျာ !.. ဟော...ဟဲ... ဟောဟဲ... ကေဇင်မြင့်မိုရ်တို့ အုပ်စုတွေ မေ ကို အနိုင်ကျင့်နေကြတယ်"

"သူတို့ ဘယ်မှာလဲ"

" အနောက်က ရေလှောင်ကန် နားမှာ "

နန်းမွန်ထားရဲ့ အလောတကော သတင်းလာပေးမှုကြောင့် သူတို့ရှိရာ အနောက်ဘက်က ရေလှောင်ကန်သို့ ဦးတည်ခဲ့သည်။

"ကေဇင် ... မင်း ဒါဘာလုပ်တာလဲ"

ရောက်ရောက်ချင်း သက်လျာ မြင်လိုက်ရတာက ရည်ရည်မွန်နဲ့ မြတ်သန္တာနှစ်ယောက် လက်ထဲမှာ ချုပ်ထားခံရတဲ့ သနားစရာ မေ။အမြဲတမ်းအားနွဲ့တဲ့ မေ။

"ဟင်း  ရောက်လာတာကလည်း မြန်သားပဲ"

နန်းမွန်ထားကို လှည့်ကြည့်ပြီး ရွဲ့လိုက်သည်။

"မင်းတို့ ဘာဖြစ်ချင်နေကြတာလဲ။မေက မင်းတို့ကို ဘာလုပ်ထားလို့လဲ "

"ဘာဖြစ်ချင်နေတာလဲ ... ဟုတ်လား။ဒီတစ်ယောက်ကို ကြည့်စမ်း....ဘာမှပြန်မလုပ်နိုင်တဲ့ သူ့ပုံစံက ဘယ်လောက် ကျေနပ်စရာကောင်းလိုက်လဲ"

"ဒီမှာ ကေဇင်မြင့်မိုရ် သူတစ်ပါးအပေါ် အနိုင်ကျင့်တာက မင်းအတွက် ပျော်စရာကောင်းတယ်ပေါ့။ ငါ မင်းကို ဆရာမနဲ့ တိုင် မယ်"

"တိုင်လိုက်လေ... အခုတော့ ဒီတစ်ယောက်ရဲ့ ပုံစံကို အရင်ကြည့်သွား"

မြောင်း ပုပ်ထဲမှ ရေများကို ခပ်ကာ မေ့ခန္ဓာကိုယ်ပေါ်သို့ လောင်းချဖို့ လုပ်နေစဉ် မြတ်သန္တာရဲ့ လက်ထဲမှ ပုံးကို ရိုက်ချလိုက်ကာ မေ့ကိုခေါ်၍ ထိုနေရာမှ အမြန်ထွက်လာခဲ့သည်။မေ ဒီလို နိုင်စားခံရတာ ခဏခဏ မြင်ရပေါင်းမနည်းတော့ပါဘူး။ ဒါပေမဲ့ မြင်လိုက်ရတဲ့ အကြိမ်တိုင်း မေ့ အစားခံပြင်းစိတ်တွေကတော့ အမြဲလိုလို လတ်ဆတ်နေသည်။မေ့ကို သနားမိသည်။မေသည် မိဘမဲ့ဂေဟာမှ ကိုယ့်လိုမျိုး ပညာသင်ဆု ရ၍ ဒီကိုယ်ပိုင်တက္ကသိုလ်တွင် တက်နေရသော သူတစ်ယောက်ပင်။ကိုယ့်ရဲ့ ဘဝကတော့ သူ့ထက်သာတယ်ဟု ပင် ဆိုရမလား။အိမ်ထောင်ကွဲ မိသားစုကနေ ဆင်းသက်လာပေမဲ့ အနည်းဆုံးတော့ သူ့လို မိဘမဲ့ တစ်ယောက် မဟုတ်ခဲ့ပါ။ငယ်ငယ်ကဆို ကျောင်းမှာ သူငယ်ချင်းတွေကို သူတို့ မိဘတွေ ကျောင်းလာကြိုလျှင် အရမ်းအားကျမိပြီး ကိုယ့်ကိုယ်ကိုယ် အားငယ်မိသည်။ဝမ်းနည်းမိသည်။ကိုယ့်ဘဝက အရမ်း ကံဆိုးပါလားဟု တွေးမိသည်။ဒါပေမဲ့ ဒီတက္ကသိုလ်မှာ မေ့ကို တွေ့ပြီးနောက် မှာတော့ ကိုယ့်ဘဝထက်ဆိုးတဲ့သူတွေ ရှိပါလား ဆိုသည့် အတွေးမျိုးဝင်လာမိသည်။ဒီကမ္ဘာကြီးမှာ ကိုယ့်ထက် အခြေအနေပိုဆိုးတဲ့ သူတွေ ဘယ်လောက်ရှိတယ်ဆိုတာ ကိုယ် မမြင်နိုင်ပေမဲ့ ရှိတယ်ဆိုတာကိုတော့ ကိုယ်သိလိုက်ရသည်။ဒါပေမဲ့ လူတိုင်းက ကိုယ့်ဇာတ်လမ်းကသာ သနားစရာအကောင်းဆုံး ဇာတ်လမ်း လို့ ထင်တတ်ကြပါသည်။

မေ့သက်လျာWhere stories live. Discover now