(79)
တစ်လ ကြာပြီးတဲ့နောက် ဆောင်းရာသီ ရောက်လာတဲ့ အချိန်မှာတော့ နှင်းတွေနဲ့ ရေခဲတွေ ပြည့်နေရမယ့် လောင်ရှန်းတောင် က မူမမှန်စွာနဲ့ အရည်ပျော်လာ ခဲ့လေတယ်။
နှင်းတောင်ပေါ် က နှင်းတွေက အရှိန်မြင့်စွာ နဲ့ ပြိုကျလာခဲ့လေတယ်။ ပင်လယ်ထဲကို စီးဝင်နေတဲ့ ရေပမာဏ ကလည်း နေ့စဥ်နဲ့ အမျှ တိုးလာပြီးတော့ နှင်းတောင် အရည်ပျော်တာ ကလည်း အရမ်းကို မြန်ဆန်လာခဲ့တယ်!
ရုတ်တရက်ကြီး ပဲ လူတွေက ကြောက်လန့်သွားကြတယ်!
မျိုးနွယ်စု အသေးလေး တွေက မျိုးနွယ်စု စုန်းမတွေက ယစ်ပူဇော်မှု အလေ့အထ တွေ လုပ်ဖို့ ထွက်လာ ကြပေမယ့် သူတို့တွေ အကုန်လုံးကို ချီဟန်က ဖိနှိပ်ထားခဲ့လေတယ်။
ချီဟန် က ဂိတ်ပေါက်ဝ စောင့်ရှောက်ရေး ကို လုံးဝ စိတ်ထဲ မထား အား တော့ပဲ ညတွင်းချင်း ပဲ ရှန့်ကွမ်းပင်လယ်မျိုးနွယ် စု စုန်းမ ဆီမှာ ဧည့်သည် သွားလုပ်နေတဲ့ ပင်လယ် မျိုးနွယ်စု စုန်းမ ဆီ အမြန်သွားလိုက်တယ်။
'' နှင်းတောင်ပေါ်က နှင်းရည်တွေက မြစ်ထဲ ကနေ ပင်လယ်ဘက်ကို ပိုတိုးပြီးတော့ စီးဝင်လာတာ ။ ရွံ့ရေတွေလည်း အများကြီးပါလာတာ ကြောင့် မြစ်တွေမှာလဲ ရွံရေတွေ ထူထဲနေပြီ။ နှင်းတောင်ပေါ် က အကောင်အသေးလေး တွေ ကလည်း အဝေးဆီ ကို ထွက်ပြေး နေကြတယ်။ ဖားပြုတ်တွေ ၊ ကြွက်တွေနဲ့ နှင်းယုန် တွေက နေရာအနှံ့ မှာပဲ။ ဟုတ်တယ်။ ငါက လိပ်ခွံမှာ ရေးထားတဲ့ ကြိုတင်နမိတ် က မှန်လာမှာကို ငါကြောက်မိတယ်! ''
ချီဟန် က စိုးရိမ် နေပြီးတော့ ကြောက်လန့်တဲ့ အကြည့်တွေ ရှိနေခဲ့တယ်။
'' သားရဲလူသားတွေ အကုန်လုံး ဘေးကင်းစေဖို့ရာ အတွက် ဒီကိစ္စကို မျိုးနွယ်စု ခေါင်းဆောင်တွေ အကုန်သိ သင့်တယ်.......... ။ မျိုးနွယ်စု ကြီးရဲ့ ခေါင်းဆောင်တွေလည်း အတူ ပူးပေါင်းပြီးတော့ ဆွေးနွေးကာ ဒီလိုမျိုး ကပ်ဘေးကို ဘယ်လိုမျိုး ရှောင်တိမ်း ရမလဲ ဆိုတာကို စီစဉ် ကြမယ်။ ငါက ဒါ့ဂါ ကို ကောင်းကင်မြွေနဲ့ ကောင်းကင် ဝံပုလွေဆီကို သတင်းပို့ခိုင်း လိုက်မယ်။ မင်းကတော့ ရှောင်ပိုင်နဲ့ သူတို့ ဆီကို ပြောလိုက်ပါ ''
YOU ARE READING
တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...