အပိုင်း (77.2)

351 37 1
                                    

(77.2)

ဆယ်ရက်ကြာပြီးတဲ့နောက် ဒါ့ဂါရဲ့ တိုးချဲ့မှု က လမ်းကြောင်းတစ်ခု တည်ဆောက်နိုင်ခဲ့တယ်။ ဒါပေမယ့်ကောင်းကင် မြွေမျိုးနွယ် က လှုပ်ရှားမှုကင်းမဲ့ ဆဲပါပေ။ ပြီးတော့ ကောင်းကင် ဝံပုလွေ မျိုးနွယ် စုကလည်း စိုးရိမ် ရလောက်တဲ့ အထိ အသုံးမဝင်ပေ။

ရှောင်ပိုင် နဲ့ ယု တို့ကတော့ အင်အား ပြန်ပေါင်းစည်းဖို့ လုံးဝ ရည်ရွယ်ချက် မရှိပါပေ။ ပင်းက အရှေ့အနောက်  ၅ကြိမ်လောက် သွားကာ ယု တို့ကို ပြန်လည် ပူးပေါင်း စေဖို့ သတင်းစကား ပို့သူ လုပ်ပေး ပေမယ့် ကိစ္စရပ် ကတော့အခုထိ မအောင်မြင်သေး ပါပေ။

မျိုးနွယ်စုကို မကွဲလိုတဲ့ သားရဲလူသား အများစု ကို ပင်းက မျက်လုံးထဲမှာ မှတ်သား ထားခဲ့တယ်။ ထိုလူတွေက အချင်းချင်း တစ်ယောက် ကို တစ်ယောက် ယဥ်ကျေးဖော်ရွေစွာ ဆက်ဆံ ကြတာဟာ ကျားဖြူထဲက သားရဲလူသားတွေ က အချင်းချင်း ရန်မဖြစ် ပြန်မတိုက်လို ကြတာ ကို သိနိုင်လေတယ်။

သူတို့ဆီကနေ ခံစားချက်ကောင်း ရဖို့ရာအတွက် ချီဟန်က  သူကိုယ်တိုင် ဦးလေးငယ် ယုနဲ့ ယုကျန်း ဆီကို သွားဖို့ ဆုံးဖြတ်ခဲ့လေတယ်။

ရှောင်ပိုင် ၊ ယု၊ ယုကျင်း၊ ချီဟန် ၊ တုံ ၊ ပင်း တို့ဟာ ထိုနေ့မှာပဲ ယုကျင်းရဲ့ တဲထဲမှာ ပေါ်လာကြလေတယ်။

ယု က ယုကျင်းရဲ့ ဘေးက ခုံမှာ ထိုင်နေပြီးတော့ ချီဟန်နဲ့ အတူ ဝင်လာတဲ့ လူတွေကို အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်နေပြီးတော့ ထိုနေရာမှာပဲ ဆက်ထိုင်နေခဲ့တယ်။

ဒါ့အပြင်ကို ရှောင်ပိုင် ကလည်း ပိုမြင့်တဲ့ ခုံမှာ ခြေချိတ်ကာ ဝင်ထိုင်​ပြန်တယ်။ ထိုတစ်ခဏမှာပဲ လေထုက အနည်းငယ် ရှက်ရွံ့ဖွယ် ဖြစ်သွားလေတယ်။

ချီဟန် နဲ့ ပင်းတို့က ဘေးနားတွေမှာ ဝင်ထိုင်လိုက်ပြီးတော့ တစ်စုံတစ်ယောက် က အသီးပန်းကန် တွေကို ယူလာခဲ့လေတယ်။

'' ငါ အဲ့တာကို အခုထိ မစားရသေးဘူး ။ အဲ့တာက ငါတို့ရဲ့ အထူးရေခဲ သစ်သီးပဲ။ ငါတို့ တော်ဝင်မိသားစု ပဲ မြည်းစမ်း နိုင်တဲ့ အရာပေါ့။ မင်းတို့က ဒီကို ဧည့်သည် အဖြစ် ရောက်လာမှတော့ အဲ့တာကို မြည်းစမ်းခွင့် ပေးလိုက်မယ် ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Donde viven las historias. Descúbrelo ahora