အပိုင်း (78.2)

437 44 1
                                    

(78. 2)

ကောင်းကင် ဝံပုလွေ မျိုးနွယ် စုရဲ့ မင်းသားငယ် လေးက သူတို့ရဲ့ မျိုးနွယ်ထဲမှာ ရောက်နေပြီးတော့ ကျားဖြူမျိုးနွယ်ကို ဆောင်းရာသီ မတိုင်ခင် တိုက်ဖို့ရာ တိုက်တွန်း နှိုးဆော် နေခဲ့ ပြီးတော့ အခုချိန်မှာ မြွေမျိုးနွယ်က တစ်ယောက်ထဲ ဆုံးဖြတ်ချက် မရနိုင်တာကြောင့် အသက်ရှုချောင် နေတာ ပဲ ဖြစ်လေတယ်။

ကောင်းကင်ကျား မျိုးနွယ် တစ်ခုလုံး က နှစ်ခြမ်းကွဲထွက် သွားတာကို ကောင်းကင် မြွေမျိုးနွယ် တွေက တွေ့ခဲ့တယ်။ အခုလို အချိန်တိုအတွင်း ခက်ခဲနေချိန်မှာတော့ သူတို့က ပြန်လည် ပူးပေါင်း သွားကြလေတယ်။

သူတို့တင် ပြန်ပူးပေါင်းတာ မက ဘူး တိုက်ကွန်းခ် တိုက်က လူတွေကိုပါ ရပ်ခြားဧည့်သည် အဖြစ် ခေါ်ထားသေးတယ်။ တကယ်လို့ သာ သူတို့ အကြာကြီး တိုက်နေမယ် ဆိုရင် ကောင်းကင် မြွေမျိုးနွယ် က ခံနိုင်ရည် မရှိတော့ဘူး ဖြစ်လေတယ်။ အခု က ရိတ်သိမ်း ရာသီလေ။ သူတို့သာ အခုကတည်း က အစာတွေ မစုဆောင်း ထားရင် သူတို့က ဆောင်းတွင်းကို ဘယ်လို ဖြတ်ကျော် ကြမှာတဲ့လဲ? ''

ဒါ့အပြင် ကောင်းကင်မြွေ မျိုးနွယ် က အတွင်းပိုင်း ၊ အပြင်ပိုင်း ပြဿနာ တွေ အတော်များများ ​ကို အများကြီး တွေ့ခဲ့ရလေတယ်။ တကယ်လို့ သာ  ကောင်းကင်ကျား မျိုးနွယ်သာ ဖျက်ဆီးလိုက် ရင် ကောင်းကင် ဝံပုလွေ မျိုးနွယ် က ထပ်ပြီးတော့ သစ္စာမဖောက် ဘူလို့ အာမ မခံ နိုင်ဘူးပေါ့လေ။

သူတို့ဘက် က စတင်ပြီးတော့ တိုက်ခိုက်ခဲ့တာကြောင့် ပထမ မင်းသားနဲ့ တတိယ မင်းသား တို့က အဲ့တာကို အမြဲ မသိချင်ယောင် ပဲဆောင်ခဲ့တယ်။

တစ်ဖက်မှာတော့ ကောင်းကင် ကျားဖြူ မျိုးနွယ် က ဆောင်းရာသီကို လုံခြုံ စွာ ဖြတ်သန်း နိုင်စေဖို့ရာ အားအင်အပြည့်နဲ့ ကြိုးစား နေခဲ့လေတယ်။

'' ကောင်းကင်ကျားဖြူ မျိုးနွယ် က လောင်ရှန်းတောင်ရဲ့ တောင်ခြေနဲ့ ဝေးတဲ့ မြစ်နေရာ ဆီကနေ မိကျောင်းသားရဲ တွေကို အမဲလိုက်နေကြတယ်။ ဘေးနှစ်ဖက်လုံး က ဂျိူရှည်သားရဲ တွေကို ကောင်းကင်မြွေနဲ့ ကောင်းကင် ဝံပုလွေ တို့က ကာထားပြီးတော့ ထိုနေရာ အသေးလေး မှာလည်း ခရမ်းရောင်အမြစ်တွေ အများကြီး မရှိနေပါပေ။ ပြီးတော့ မြို့တော်ကို ပြန်လည် တည်ဆောက် နေရတယ်။ တဲတွေကို ယာယီအားဖြင့် ဆောက်ထား ကြတယ်။ ဒီနှစ် ဆောင်းရာသီ ကတော့ အရမ်းကို ဝမ်းနည်းဖို့ ကောင်းတာပဲ ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now