(80.2)
သူမက သူမကိုယ် သူမ သေပြီလို့ကို ထင်နေတဲ့ အချိန်မှာပဲ ရုတ်တရက် အဖြူရောင်ကျားတစ်ကောင် က ပြေးလွှားနေတဲ့ သားရဲ အုပ်ထဲ မှာ ပြေးနေတာကို တွေ့လိုက်ရတယ်။
သားရဲလူသားတွေက သားရဲတွေထက် ပိုပြီးတော့ သက်ဝင်မှု ရှိလေတယ်။ မျိုးနွယ်စု စုန်းမ အိုကြီး က အကြည့်တစ်ချက်နဲ့ တင် ထိုကျားဖြူဟာ သားရဲလူသား မှန်း သိတာကြောင့် သူ့ကို အမြန်ပဲ တားလိုက်လေတယ်။
ကောင်းကင်ကျားဖြူရဲ့ ကြီးမြတ်တဲ့ စုန်းမအိုကြီး က ပင်းရဲ့ နောက်ကျောပေါ်မှာ စီးနင်းလာပြီးတော့ သူမရဲ့ ကျေးဇူးမသိတက်တဲ့ တပည့် နှစ်ယောက် အကြောင်းကို တွေးမိလေတယ်။ သူတို့က သူမကို ဒီလောက် အန္တရာယ်များ တဲ့ အခြေအနေအကြောင်းကို လာပြီးတော့ မပြောပြခဲ့ ကြပေ။
သူမကို ဒီအတိုင်းပဲ ထားခဲ့ ပြီးတော့ ထွက်ပြေး သွားကြတယ်။ သူမ တကယ်ကြီးကို စိတ်တို နေခဲ့ ပါတယ်။ သူမရဲ့ ဘဝ မှာ ကလေး မရခဲ့တာ ကြောင့် တပည့် နှစ်ယောက် ကိုသာ သူမရဲ့ ကလေးတွေ အဖြစ် သူမက ပြုစုခဲ့ပေမယ့် သူတို့ကတော့ ဒီလမ်းကိုပဲ ရွေးသွား ကြတယ်လေ။
ဒီနေရာမှာ ပိုင် ကျန်သးတယ်။
သူမရဲ့ တိတ်တဆိတ် ထောက်ပံ့ မှုသာ မရရင် ဘယ်လိုလုပ် ပိုင် က ဒီအခြေအနေ ရောက်နိုင်မှာတဲ့လဲ?
အဲ့ဒါက လောင်ချီးရှီးရဲ့ မျက်နှာကြောင့် ရလာတယ်လို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ?
ဒါပေမယ့် ဒီကလေး က အရမ်းကို မယုံကြည် စရာ ကောင်းတယ်လေ။ သူ့ရဲ့ လုပ်ပုံတွေကို စောင့်ကြည့်နေခဲ့ပြီးတော့ ပိုင်ရဲ့ လုပ်ရပ်တွေက မတည်ငြိမ် ခဲ့တာကြောင့် သူတို့ ကောင်းကင် ကျားဖြူမျိုးနွယ် က ဒီအခြေအနေကို ရောက်ခဲ့တာ ဖြစ်လေတယ်။ ဒါကြောင့် ဒီဖြစ်ရပ်အတွက် သူက ရှောင်တိမ်းလို့ မရပဲ တာဝန်ယူ ရမှာ ပဲ ဖြစ်တယ်။
မျိုးနွယ်စု ကြီးမြတ်တဲ့ စုန်းမ အိုကြီး က သူမ စီးနင်းနေတဲ့ သူက ဘယ်သူလဲ ဆိုတာကို အနည်းငယ်တော့ ဝေဝေဝါးဝါး သိလေတယ်။ သူမ တပည့်တွေရဲ့ သတင်းပို့မှု က လောင်ချီးရှီးရဲ့ တိုက်ရိုက်မျိုးဆက် က ပြန်ရောက် လာပြီ ဖြစ်ပြီးတော့ ပိုင် ရဲ့ အဖေ ဖြစ်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် ကံမကောင်းတာက သူ့မှာ တောင်ပံတွေ မပါလာတာပဲ။ ကောင်းကင် ကျားဖြူ မျိုးနွယ် မှာ တော့ အတောင်မပါ တာက မသန်မစွမ်း သားရဲလူသား နဲ့ အတူတူ ပဲ ဖြစ်လေတယ်။
YOU ARE READING
တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...