အပိုင်း (81. 1)

113 23 1
                                    

(81.1)

ချွီရှန်း တောင်ပေါ်မှာ သားရဲလူသားတွေ နေထိုင်ခဲ့ဘူးတဲ့ အရိပ်အယောင်တွေ တွေ့ရလေတယ်။ တောင်ပေါ်တက်တဲ့ လမ်းတစ်လျောက်မှာတင် ဂူတွေ အများကြီး ကို တွေ့ရလေတယ်။

သူတို့က အပေါ်ကို ဖြောင့်တန်းစွာ တက်သွားခဲ့တယ်။ မိုးရေတွေက ဂူထဲကို လုံးဝ မဝင်ပါပေ။ ထိုဂူတွေရဲ့ ဝင်ပေါက်မှာ မိုးတွေနဲ့ လေတွေ တိုက်ခိုက်တာက နေ ကာကွယ်ဖို့ ရာအတွက် အကာအကွယ် ကျောက်တုံးကြီးတွေကို ချထားလေတယ်။ အထဲက ဂူနံရံ ထဲမှာတော့ ကျောက်တုံးလေးတွေ စီထားလေတယ်။ ဘယ်ရှေးခတ် သားရဲလူသား တွေက ဒီလိုမျိုး ဂူတွေကို ဆောက်လုပ်ထား သလဲ ဆိုတာ ကိုတော့ သူတို့လည်း မသိတော့ပေ။

အရှေ့က အရင်ဆုံး သွားထားတဲ့ သားရဲလူသားတွေက ဘေးချင်းကပ် ဂူ နှစ်ခု ထဲက သားရဲတွေကို နောက်ဂူတွေ ဆီ မောင်းထုတ်ပြီးတော့ သားရေစတွေ ခင်းကာ သားရေစတွေနဲ့ အကန့်ငယ်လေးတွေ ခွဲပေးကာ  အန္တရယ် မရှိတာ သေချာတော့မှ အမျိုးသမီး တွေ၊ သားရဲတစ်ဝက်တွေနဲ့ ကလေးတွေ ၊ လူအိုတွေကို ဝင်စေကာ အဝတ်စိုတွေကို လဲစေခဲ့တယ်။

ထွက်​ပြေးလာချိန်မှာ သူတို့က သူတို့ရဲ့ ပစ္စည်းတွေ ကို သားရေစ နဲ့ ထုတ်ပိုး ထားလေတယ်။ မိုးက အရမ်းကို သည်းတာကြောင့် သားရေစတွေကလည်း ရေကို လုံးဝ မကာနိုင်ခဲ့ပေ။ ဒါကြောင့်မို့ အခုလဲလိုက်တဲ့ တစ်ခု ကလည်း အစောက ဟာထက်တော့ အနည်းငယ် အစိုလျော့တာပေါ့လေ။

လူတိုင်း က တုံ ရဲ့ ဦးစီးမှုကြောင့် အမြန်စုဝေး ကြပြီးတော့ အရိုး မီးပုံအကြီးကြီး မွှေးကာ အဝတ်တွေ ခြောက်အောင် လုပ်နေစဥ်မှာ ပဲ နောက်ထပ် သစ်သားမီးထပ်မွှေးပြီး ဂျင်ဆင်းစွတ်ပြုတ် အိုးကြီး တည်စေခဲ့တယ်။ ခရီးတစ်လျောက်မှာ အားနည်းတဲ့ အမျိုးသမီး တွေနဲ့ ကလေးတွေက အဖျားပြင်းစ ပြုနေပြီပဲ ဖြစ်လေတယ်။
ဒါပေမယ့် သူတို့က စိတ်ချ ရတဲ့ နေရာမရောက်မချင်း သူတို့ရဲ့ သတိ တွေကို မလွတ်ချ ခဲ့ပါပေ။

ချီဟန် နဲ့ တုံ က အချိန်အတော်ကြာ နေလာခဲ့ ပြီးဖြစ်တဲ့ အတွက်ကြောင့် သူဟာ သာမန် ဘယ်လို ကိစ္စတွေ လုပ်ရမလဲ ဆိုတာကို သိလေတယ်။ သူက နှာချေတဲ့ လူတွေအဆုံး ဖျားနာနေတဲ့ သူတွေကို ထောင့်တစ်နေရာ မှာ အတူစုထား ပြီးတော့ ကျန်းမာတဲ့ သားရဲလူသားတွေ ဆီကနေ ခွဲထားလေတယ်။

You've reached the end of published parts.

⏰ Last updated: a day ago ⏰

Add this story to your Library to get notified about new parts!

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now