part(4)

16.8K 456 30
                                    

"ကျောင်းမမှီတော့ဘူး!!!!"

ကျစ်ကနဲစုတ်သတ်မိပြီး လူက ချွေးစတို့ပြန်စ‌ပြုလေ၏။

တတိယနှစ်ကျောင်းသူပေမယ့် အရပ်က ဆယ်တန်းမှာပဲကျန်ခဲ့သလားမှတ်ရတယ်
ငါးပေအတိကိုမှ လူကခပ်ပြည့်ပြည့်လေး
ဆံပင်လေးကလည်း ခါးထိဝဲကာ လုံးလုံးလေးနှင့် အေဗာ့ပုံကချစ်စဖွယ်
သို့ပေမယ့် ဒါဒါရဲ့ အချိန်မှားကြည့်ပြီး ကျောင်းလာပို့မှုကြောင့် သူမအတန်း၀မှာ ပြူတစ်တစ်လေးဖြစ်နေရသည်။

အပြောဆိုးအဆူကြမ်းသည့်တီချယ်မို့ အေဗာ ဒူးတုန်အောင်ကြောက်ရသည်။
လူက၀င်ဖို့မ၀င်ဖို့တွန့်ဆုတ်ဆုတ်အနေထားမှာ မွှေးပျံ့သောရနံ့တစ်ခုက နှာခေါင်းထက်လာကလူကျီစယ်၏။

"ဟေ့  အထဲမ၀င်ဘူးလား!!!"

ငါးပေးခြောက်လောက်ရှိဟန်တူသည့်အရပ်ကဒေါက်၀တ်ထားတာကြောင့် အေဗာ မောကြည့်ပြီး ခေါင်းခါလိုက်သည်။
မသိသောသူစိမ်းတွေနှင့် အရောတ၀င်မနေဖို့
မာမာမှာခဲ့ထဲက သူမတော်ရုံအပေါင်းသင်းမထား

"လှလိုက်တာ!!!!"

မပြောမဆိုသူမဆံပင်ရှည်တွေယူကိုင်ရင်း ထိုတစ်ယောက် ပြောလာသည်။

"အာ ကျေးဇူးပါ "

မကောင်းတတ်လို့ ပြန်ဖြေလိုက်ရပေမယ့်
သူမ အတန်းရှေ့ကနေ ပြန်ဖို့လုပ်တော့ နောက်ကနေ လိုက်လာပြန်သည်။
ဒီတစ်ယောက်ကဘာလည်း????

"နာမည်က????'

".........."

သူမနာမည်ကိုမေးနေပေမယ့် ပြန်ဖြေဖို့အစီစဉ်မရှိ

"တကယ့်မာနခဲလေးပဲ!!!!'

ခပ်ဟဟရယ်သံနဲ့အတူပြတ်ကျန်ခဲ့တဲ့ပုံရိပ်ကို မမြင်အောင်ရှောင်ရင်း
အသဲကျော်ဆီ ဖုန်းဆက်လိုက်သည်။

"ဟဲလို ကျော် အတနး်ထဲမှာလား???"

"ရပါတယ် စာသင်နေလည်း ထွက်္မလာနဲ့
အေဗာ အအေးဆိုင်မှာစောင့်နေမယ်သိလား!!"

ကျော့်ဆီဆက်ပြီးတာနဲ့ အအေးဆိုင်ဆီဦးတည်လိုက်သည်။မနက်ခင်းကျောင်းတက်ချိန်မို့ ကန်တင်းမှာ လူအနည်းငယ်ရှင်းနေပေသည်။

မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်Wo Geschichten leben. Entdecke jetzt