part-14

8.4K 328 14
                                    


"ဒါဒါ  ..တည်တည်တို့ မူယာတို့ နဲ့ရော ခေါ်ခွင့်ရှိလားဟင်!!"

အပေါင်းသင်းကအစ စီစစ်ပေါင်းစေမည်ဆိုတာကြောင့် သူမမေးလိုက်တော့

"ခေါ်ရမှာပေါ့ အစောင့်ကျပ်ချတာကသပ်သပ်လေ သမီး မာမာက ကျော်နဲ့တော့ အခေါ်ပြောသိပ်မလုပ်ဖို့ မှားထားတယ်"

"ကျော် ကျော်က ဘာဖြစ်လို့လည်း!!"

"ကျော်က မာမာ သဘောကျရတဲ့ ကလေးမဟုတ်တော့လို့ပဲ သမီး
သမီး လုံခြုံမှုအတွက် ကျော်က ဘေးဖယ်ပေးသင့်တဲ့ အနေထားမ‌ျိုး!!!"
မာမာက အ ပေါ်ထပ်ကနေဆင်းလာရင်း
တစ်လုံးချင်းစီပြောလာ၏။

"မဟုတ်တာ ကျော်က!!!"

စူးကနဲရောက်လာတဲ့ မာမာ့ မျက်၀န်းတွေကြောင့် သူမစကားဆက္မဆိုရဲတော့
မာမာ ဒီလို ကြည့်တာ သူမအပေါ်မှာ ဒါပထမဆုံး
ငိုချင်စိတ်ထက် ၀မ်းနည်းမှုကြောင့် နှာဖျားနဲ့မျက်လုံးတွေ ကျိန်းစပ်လာပေမယ့် သူမထိန်းချုပ်လိုက်သည်

"ခုချိန်ကစပြီး မာမာ နဲ့ ဒါဒါ့ စကားတွေကို ဥပဒေလို လိုက်နာ မလုပ်နဲ့ဆို ဟုတ်ကဲ့ ဆိုတာပဲ ကြားချင်တယ်
ပျော့ညံ့တာ မျက်ရည်ကျတာ ဘယ်သောအခါမှ မတွေ့ချင်ဘူး!!!"

နီရဲနေသော ရှပ်ကို ဘောင်းဘီအနက်နဲ့ ၀တ်ဆင်ထားတဲ့ မာမာဟာ သူမနဲ့ဆို ညီအမ အနေထားပုံစံလောက် အရွယ်တင်သည်။
ညိုစင်သောအသားရည်က ၀င်းနှစ်နေကာ
မျက်လုံးမျက်ဖန်ကောင်းခြင်းတွေက အကြည့်မလွှဲနိုင်
ကောက်ကွေ့သောဆံပင်တွေဆို တစောင်း ဖြန့်ချထားပြီး အမိန့်တွေ ပေးလိုက်တိုင်း
မျက်၀န်းတို့က တဖျတ်ဖျတ်လတ်သည်။

"အခုကျောင်းသွားတော့မှာ အသဲ, ကလေးအပေါ်အရမ်းကြီး မမာကျောပါနဲ့"

"မရဘူး ဒီလိုတွေ ပျော့ညံ့ပေးမိလို့
ဒီကလေးဒီလောက်ထိ နုံအသွားတာ !!"

"ဟုတ်ပြီ ဒါလင် ကလေးကို ကျောင်း လိုက်ပို့ဦးမယ် !!"

"နေဦး အေဗာ သမီး အခု၀တ်ထားတဲ့ အ၀တ်လဲလိုက်  ဒေါ်ပုတု သူ့အတွက် မနေ့ကချုပ်လာတဲ့ အနီရဲရဲ ၀မ်းဆက် ပေးလိုက်
မျက်နှာကို အဲ့လို ပြောင်သလင်းခါနဲ့ဘယ်တော့မှ ကျောင်းမသွားနဲ့ ...လာ!!!'

မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်Where stories live. Discover now