part-8

11.4K 417 17
                                    


"ဘာမုန့်စားမလဲ??"

ကြီးမားသောမျက်စောင်းနှစ်လက်က ဒိုင်းကနဲ ကျော့်ဆီ‌ပြေး၀င်သည်။

"ဗိုက်ဆာနေမှာစိုးလို့"

ကျော်က ဆံပင်တွေတစ်ချက်သပ်ပြီး ဟက်ကနဲရယ်ကာ ကြည်မောင့်ကို မျက်စိတစ်ဖတ်မှိတ်ပြလိုက်သည်။

"ဒေါင်!!!'

လက္မှာကိုင်ထားသော စတီးဓာတ်ဘူးက ကျော့်ခေါင်းဆီ ဒေါင်ကနဲလာထိခတ်၏။

" ဟ ကြည်မောင်!!!"

"ကြည်မောင်လို့ မခေါ်နဲ့လို့ ဘယ်နှစ်ခါပြောရဖို့လည်း!!!'

အသံသေးသေးပိစိလေးကစူးကနဲထွက်
လာသည်။
ဒါလား ကျောင်းကစာတော်ပြီး အအေးဆုံး ကောင်လေးဆိုတာ

"ကြည်မောင်ကလည်း ကြည်မောင်လို့‌ေခါ်တာမကြိုက်ဘူးလားလို့"

ချွဲပစ်ပစ်အသံကြောင့် အေဗာ ရေတောင်ထသီးကာ

"ဖလူး!!!!'

"ဟ!!!"

"ကြိုး!!!"

"ဘာအသံကြီးလည်း ကျော်ရယ်"

"ဟဲဟဲ စိတ်ဆိုးပြေကြတော့လေ နော်!!!"

ကျော်ကမျက်နှာချိုတော်ရုံမသွေးတတ်
ခပ်တည်တည်အထာနဲ့ ဘီးကျဲစတိုင်အမြဲနေတတ်သည်။
တည်ကြည်မောင် အဖွဲ့ထဲရောက်လာမှ
စပ်ဖြဲဖြဲမချိုမချဉ်ရုပ်က မတွေ့ချင်မှအဆုံး

"မပြေနိုင်ဘူးကျော် အဲ့နေ့က တည်တည်ရော အေဗာရော ဘယ်လောက် ရှက်ရလည်းသိလား"

တည်တည်လို့ အဖျားဆွတ်ခေါ်တာကို သကောင့်သားက နှစ်သက်ဟန် တစ်ခွန်းတစ်ပါဒမျှ မတား
သူမ ကြည်မောင်လို့ခေါ်တော့ တားတာမှ စွာတေးလန်နေရော

"ကဲ မူယာပဲကြားထဲ‌ကတောင်းပန်တယ်
ခဏနေ နိုင်းလည်းရောက်လာတော့မှာလေ နော်"

မူယာကပြသနာအေးရန်အေးကြားထဲကဖြန်ဖြေတော့မှ ရန်စကားတွေခဏတာတိတ်ကြသွားသည်။

"ကျွန်တော် နဲနဲနောက်ကျသွားတယ် ဆောရီးနော်"

နက်ပြာရောင်ပုဆိုးလေးနဲ့ ရှပ်ဖြူလေး လက်ကိုခေါက်လျက်သား၀တ်ထားတဲ့နိုင်းဟာ
အလွန်ကိုကြည့်လို့ကောင်းနေသည်။
တည်ကြည်ခန့်ညားမှုအဖြာဖြာဟာ နိုင်းဆီမှာပဲ တွေ့ရတာမျိုး

မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်Where stories live. Discover now