part-22

8.5K 361 20
                                    

"ပြောစရာစကားတောင် မရှိတော့ဘူး
ငါအထိန်းသိမ်းညံ့ဖျင်းလို့ ဆိုပြီး တခြားနေရာလွှတ်ကြတော့အကောင်း
အခုလိုဖြစ်လာတော့ရော ဘယ်သူ့အပစ်လဲ"

"မာမီ့ပုံစံက ဒီလိုဖြစ်သွားရတာကို ထောက်ပြနိုင်တယ်ဆိုပြီး ၀မ်းသာနေပုံပဲ"

"ညှို့အား!!!!!'

"မဟုတ်ဘူးလား
နင်တို့ထိန်းတာ ငါ့ထက်တောင်ဆိုးနေတယ် တွေ့လား ဆိုတဲ့ အရိပ်ယောင်က!!!'

"ကလေးက ငါ့မြေးအရင်းနော် ညှို့အား!!!!'

"ကျွန်မ လူတွေရဲ့ မျက်၀န်းတွေကို ဖတ်တတ်ပြီးသား....''

"နှုတ် ကောင်းလှချည်လား
ကလေးပဲ ရနေပြီသမီးရယ် မိဘနေရာကို ကိုယ်ချင်းစားပေးပါတော့"

"ဘာကျေးဇူးရှိလို့လဲ???'

"ဟဲ့ !!!"

ဒေါ်ပုတု အသံပဲထွက်နိုင်ပြီး လက်က စံပယ်ပန်း အဖွေးသားလေး ထည့်ထားသည့် ဗန်းလိုက်ကြီး လွှတ်ချမိတော့လေသည်။

"ဂလွမ်!!!'

အနားမလှမ်းမကမ်းမှာရှိနေသည့် မူယာတောင် မျက်လုံးအဝိုင်းသား

ယဉ်ကျေးမွန် ကျလုကျခင်မျက်ရည်ကို ထိန်းလိုက်ပြီး အေဗာ့ အတွက် တိုက်ပွဲ၀င်ဖို့ ခဏတာ နားလိုက်ရသည်။
တရားစခန်း၀င်ပြီး ခုထိ တရားနဲ့ဖြေဖို့က မလွယ်ကူလှ

နာကျည်းချက်တွေရှိခဲ့လေတော့ ယဉ်ကျေးဖို့ကိုလည်း မဆုံးမချင်

"မူယာ...ထမင်းစားခန်းခဏလိုက်ခဲ့!!!'

ခရီးကရောက်ရောက်ချင်းအပေါ်ကုတ်ကို ချွတ်ကာ ရပ်ကြည့်နေမိသော သူမကို
တင်းမာပြတ်တောင်းသောအသံနှင့် ခေါ်ချသွား၏။

ဒီမိန်းမက ဘာမို့လို့ ကျောချမ်းမတတ် လန့်စရာ‌ေကာင်းသွားရတာလဲ...
တစ်ခုခုတော့ တစ်ခုခုပဲ

သူမခိုင်းစေတဲ့အတိုင်း ထမင်းစားခန်းထဲရောက်တော့

"အန်တီ မူယာ့ကို ဘာပြောစရာရှိလို့လဲ?"

"မနက်ဖြန်ကစပြီး တို့ယောကျာ်း အလုပ်မှာ အတွင်းရေးမှူး ရာထူးလုပ်!!"

"ရှင်!!!"

"အလုပ်တွေသင်ပေးဖို့ နေမျိုးကို ပြောထားပြီးပြီ!!"

မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်Where stories live. Discover now