part-13

9.5K 361 30
                                    

"ပြန်လာထဲက ဘာမှ မေးလို့စမ်းလို့မရဘူး"

ကော်ဖီဖျော်ခိုင်းထားပေမယ့် သောက်ချင်စိတ်လည်း မရှိတာကြောင့် သူမထရပ်လိုက်သည်။
‌ပန်းအိုးထိုးနေတဲ့ ဒေါ်ပုတုက မျက်ရည်လေးတွေဝိုင်းပြီး သူမလာထဲက တိုင်နေတာ
မာမီကလည်း ဒီနေ့မှ တရားစခန်းကသူ့အသိနှင့် လိုက်သွားလေ၏။

အိမ်မှာ မာမီမရှိရင် သူမတို့လင်မယား အမြဲ အိမ်ကပ်အောင်နေသည်။အခုလောလောဆယ် devil က ပြန်မလာနိုင်သေး

"ဖျားနေတာလားမသိဘူး အနွေးထည်လည်းအထူကြီး ၀တ်လာတယ်"

"ဆရာ၀န် ခေါ်ရမှာပေါ့"

"ပြောပါသေးတယ် သမီးရယ် ဒါပေမယ့် သူတစ်ယောက်ထဲ နေချင်တာတဲ့လေ"

"ရပြီ ဒေါ်ပုတု ရေနွေး ယူလာခဲ့ ခဏနေရင်"

"သမီး!!!"

"ပြောလေ ဒေါ်ပုတု!!'

"ကလေးတစ်ခုခုဖြစ်လာရင် မဆူပါနဲ့နော်"

သူမစိတ်ကြမ်း လူကြမ်းတာ သိတာကြောင့်
ဒေါ်ပုတုက ရအောင်တားသည်။
သူမစိတ်က မဟုတ်မခံ
လာကြောလို့လည်းမရသလို ကိုယ့်ဘက်ကခံရ‌ပြီဟေ့ဆိုလည်း ဘယ်သူ့မျက်နှာမှ မထောက်နိုင်
သမီး နေမကောင်းဖြစ်တာ ဟုတ်မဟုတ် စစ်ဆေးဖို့ကလောလောဆယ် နံပါတ်တစ်

တံခါးကို အမြဲ ဖွင့်ထားတတ်သည့် အေဗာဟာ
ယခုတော့ တံခါးကို လော့ခ် ချထားသည်။
ပုံမှန်တော့မဟုတ်

"ဒေါက် ဒေါက်!!!'

"သမီး အေဗာ !!!'

".....''

တုံ့ပြန်သံမကြားရ
ဒီကလေး ဒီလို နေဖူးတာမဟုတ်
နူးညံ့သည်၊ကြင်နာတတ်သည်
လူကြီးသူမပေါ်မှာ နာခံတတ်လွန်းလို့ အမြဲ တယုတယချစ်နေရတာ
နေမကောင်းရင်တောင် ခေါ်လိုက်တာနဲ့ ရှင်လို့ ထူးတတ်သည့်သမီး

ရင်ထဲ ပူထူလာတာမို့ သူမတံခါးဆက်ခေါက်ဖို့ စိတ်က မရှိတော့

ဂိုဒေါင်ထဲ ပြေးဆင်းက တူတစ်လက် ထုတ်ယူလိုက်သည်။

"ဟင် သမီး ညှို့အား!!"

"ကလေး အခန်းထဲမှာ ဘာသံမှမကြားရဘူး
သူတစ်ခုခု ဖြစ်နေပြီ"

"အမလေး လာပြီ လာပြီ"

မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်Where stories live. Discover now