part-12 (15+🚨)

28.2K 441 15
                                    

"အ !!! အမလေး!!'

ဓာတ်လှေကားထဲရောက်္မှ အခန်းထဲကို အလဲလဲ ပြိုပြို ရောက်လာတဲ့ မိန်းကလေးက
သူ့ရင်ခွင်ထဲ ကိုတန်းနေ၏။
လက်တို့က မထိန်းမတ်မိပေမယ့်
ပိတ်သွားတဲ့ တံခါးရယ် သူ့အကျီကော်လံစကို
ကျားကုတ်ကျားခဲ ဆွဲထားတဲ့ မိန်းကလေးကြောင့် စိတ်တို့က ရှုပ်ထွေး၏။

"ဟေ့ မင်း ဘယ်လိုဖြစ်!!"

"အဟင့် ကယ်ပါဦး မူယာ့ကို ကယ်ပါဦး!!!"

"ဟင် ....'''

မျက်ရည်လည်ရွှဲနဲ့ မော့ကြည့်လာတဲ့ မိန်းကလေး တနေရာမှာ မြင်ဖူးတာသူသိသည်
မိန်းကလေးတွေနဲ့ ရင်းရင်းနှီးနှီး မနေတတ်တာကြောင့် တွေ့တာနဲ့ ဘယ်သူဘယ်ဝါမှန်း မသိ

"ဟင် အန် အန်ကယ် တောင်းပန်ပါတယ်"

သူမကလည်း အခုမှ ကိုယ့်ကို မြင်လိုက်ရသလို ပြာပြာသလဲ ဖြစ်ရင်း လက်အုပ်ချီတောင်းပန်၏။
ရင်ဘတ်နဲ့ ကျောမှာ အကျီတို့က ကွဲပြဲနေပြီး ရှုပ်ပွနေသော ဆံပင်က သူမဘာဖြစ်လာတယ် ဆိုတာကို ပြသနေသည်။

"မင်း က??"

"မူယာပါ အေဗာ့ သူငယ်ချငိးပါ အန်ကယ် အဟင့်!!"

"အိုး ဘယ်လိုဖြစ်လာတာလည်း"

"အဟင့် မူယာ့ကို ကယ်ပါဦး အန်ကယ်ရယ်
မူယာ ရှိခိုးပြီး တောင်းပန်ပါတယ်"

"မင်းဖြစ်လာတာကို ပြောလေ"

"ဟို!!"

ထိုစဉ် ဓာတ်လှေကားတံခါး ပွင့်သွားတာမို့ သူ့ကုတ်ကို အမြန်ယူကာ သူမပေါ်ဆီ လွှမ်းခြုံ လိုက်သည်။
ဖြူဖွေးနေသည့် ရင်ဘတ်မို့မို့တွေက သူ့ရှေ့မှာ မလုံ့တလုံရှိနေပေမယ့် သူမမြင်

"ဒီကိုလာ !!!"

"ဟုတ်!!"

မြေညီထပ်မို့ လူရှင်းနေပေမယ့် ဒီကလေးမ ပြသနာ ခုထိ ဘာမှန်းမသိ‌ရသေးပေ
တအင့်အင့်သာငိုရှိုက်ပြီး ခေါင်း ကလည်း ‌မဖော်
ဒီတိုက်တစ်ခုလုံး
လောင်းကစားရုံ
ဘား ကလပ် ‌အားကစားရုံနှင့်
အပန်းဖြေနေရာတွေသာဖွဲ့စည်းထားပြီး
ငွေရှိသူတို့ ကောင်းကောင်း လာဖြုန်းနိုင်အောင် ဆောက်လုပ်ထားသည့် သူ့ရဲ့ နေရာတစ်ခု

မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်Where stories live. Discover now