part-27(🚨)

24.6K 421 30
                                    

"ရုံးခန်းထဲမှာပါ မမလေး"

"Nurse တွေကို ပိုက်ဆံ လွှဲထားပြီးပြီလား?'

"ဟုတ်ကဲ့ မမလေး "

"Security တွေ က စိတ်ချရတဲ့နေရာကလာရတာမို့ နေဖို့ထိုင်ဖို့အားလုံး စီမံထား"

"ပြင်ဆင်ထားပါပြီ မမလေး"

အခန်းထဲစ၀င်လာထဲက တရစပ် အမိန့်သံတွေက ဩရှသောအသံလေးနှင့်လိုက်ဖက်နေသည်။
ဆံနွယ်တွေအားလုံးထုံးထားပြီး
အနက်ရောင်ပေါ်မှာ ရွှေရောင်အခက်တွေပါသော ပါတိတ်၀မ်းဆက်နှင့် သူမဟာထည်ဝါပြီးကျော့ရှင်းနေသည်။

High heel ရွှေရောင်က လက်လက်ထနေပြီး
ကျော့ရှင့်သောလည်တိုင်ထက် ဘာမှ မ၀တ်ဆငိပဲ စိန်နားကပ်တစ်စုံသာ ၀တ်တင်ထားသည်။

ဒီအိမ်ရှိ ရှိသမျှ nurse , bodyguard, house keeper၊housemaids တွေကအစ ညှို့အားနဲ့ မျက်နှာချင်းမဆိုင်ရဲ

ပျိုးပျက်လက်နေသော မျက်၀န်းအစုံကသေဒဏ်အလားစူးရှသည်။
ထွက်သွားခဲ့တဲ့ စကားလုံးအတိုင်းညှာတာမှုမရှိ
ဥပဒေလိုအကျုံး၀င်သည်
ငွေတွေကို bomb လုိကျဲပြီး ဖြစ်ချင်တဲ့လမ်းကြောင်းကို ရအောင်သွားနေတာကြောင့် အားလုံးက သူမရှေ့ စကားမမှားရဲ

အိမ်မှာ boss နဲ့အတူတူ စီးပွားတချို့ တွဲလုပ်သောအမျိုးသမီး
သမီးလေးအရွယ်ရောက်ပြီးနောက်ပိုင်း
အိမ်မှာအနေများပြီး ငြိမ်၀ပ်နေသောအမျိုးသမီးအဖြစ်ပဲသိထားတာကြောင့်
အားလ‌ံုးကဒီအခြေနေမှာ သူမကို မော်ဖူးနေရလေပြီ။

"ကျွီ!!!"

တံခါးကို တွန်းဖွင့်လိုက်လျင်ပဲ
အောက်စီဂျင်ပိုက်နဲ့
အသက်လုနေရသည့် ဦးသာမာန်

"ဘယ်လိုနေသေးလဲ!!!"

"အခြေနေက ၅၀:၅၀ပါပဲ ဒါပေမယ့်!!"

"မလိုချင်ဘူး ရအောင်ကု
အာမခံပြီးကတိက၀တ်နဲ့ လုပ်ခိုင်းထားတာ
နောက်တစ်ခါစကားပြောရင် ဒါပေမယ့်ဆိုတဲ့ အသုံးနှုန်း မပြောမိစေနဲ့"

"ဟုတ် ကဲ့ "

ထို nurse မလေးက ကြောက်လန့်ကာ ခေါင်းလေးပုပြီး ငုံ့ဆင်းသွားသည်။
အတော်ဆုံးအတတ်ဆုံး ပညာရှင်တွေငှားထားတာကြောင့် ဒီလူနာ မသေစေရ

မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်Where stories live. Discover now