part -9

11.2K 406 12
                                    

"ခရီးကပြန်ရောက်ရောက်ချင်း ကြားရတာနားမချမ်းသာလိုက်တာ!!!'

"အလိုတော် ဘာများဖြစ်လို့လည်း"

"သမီးလေးရဲ့ကျောင်းကို ဟိုကောင်ဆိုးလေ ပြောင်းလာတယ်ဆို"

"သမီးကဘယ်လိုသိလည်း??"

"လုံးပြောတာ!!'

သံပုရည်ကို တဂျိုက်ထဲမော့သောက်ပြီး
ပါလာတဲ့ ဘာဂါကို တစ်၀က်ကိုက်ချလိုက်သည်။
Devil ကတော့ အာလူးချောင်းကြော်ကိုစားရင်း ညှို့အားကို ထိုင်ငေးနေသည်။
တစ်ခါတစ်လေ ညှို့အားသဘောအတိုင်း
အမြဲဦးစားပေး ဖြေရှင‌်းစေသည်။
သူ့ဒေါသနဲ့ဆို ဆက်ဆံရေးပါပျက်သုဉ်းလောက်တာမို့

"ပြောင်းလာလည်း ဘာဖြစ်လည်းသမီးရယ်"

"မာမီ!!!!'

"ဘာဖြစ်လို့ အော်ရတာတုန်း!!!'

"ဟိုကလေး သမီးလေးကို ရန်ရှာရင် ဘယ်လိုလုပ်မလဲ!!တော်ကြာ ဆွဲနမ်းတာဘာညာနဲ့ အို မဖြစ်ပါဘူး!!"

"ဒီမယ် သမီး ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်တော့မကောင်းဘူးလား ပြီးတော့
အေဗာ လေးက တည်တည်နေတဲ့ကလေးပါ"

"ဟုတ်တယ် တည်တယ် ဒိတ် ဆိုတဲ့အသံကြားတာနဲ့ ဒူးတုန်အောင် ပတ်ပြေးနေရတာလည်း ထည့်ပြောဦး!!!"

"ဒါကတော့ ငယ်ငယ်ထဲက သူတို့ကအဲ့လို
ပဲဥစာ"

"ငယ်ငယ်ကလည်းမရဘူး အခုကျောင်းမှာ နှောင့်ယှက်တယ်ကြားတာနဲ့ ကျောင်းပြောင်းပစ်မယ်"

"ဟယ် သမီး ဒါတော့ လုံးတို့ကို မျက်နှာပူဖို့ကောင်းပါတယ်"

"မသိဘူးမာမီ သမီးကလေးကိုစိတ်ပူတယ်"

ဒီလိုတွေပြောဆိုနေတာကို အခန်း‌၀ကနေ ချောင်းနားထောင်နေရတဲ့ အေဗာဟာ ပင့်သက်ရှိုက်လိုက္မိသည်။
သူမကြောင့် ဒီလို မိသားစုခင်မင်တဲ့ဆက်ဆံရေး ပျက်စီးသွားနိုင်တာမို့ ကျောင်းမှာ ဒိတ်ကို အကင်းနိုင်ဆုံးရှောင်ဖို့ဆုံးဖြတ်လိုက်သည်။

"မာမာ!!!!'

"ဟော သမီးလေး "

"အသဲ ခဏနား ဒါလင် သမီးနဲ့စကားခနပြောမယ်"

"နေပါဦး ဒီမှာ ခရီးက ပြန်လာတာ အလွမ်းသယ်မလို့"

"ခနလေးပါကွာနော်"

မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်Where stories live. Discover now