part-15

9.4K 383 19
                                    

"ကဲ တီချယ်တို့ ကားပေါ်မှာ မပျင်းရအောင်
ဂိမ်းဆော့ကြမယ်;!"

"ယေး ‌"

"ဝူးဟူး!!!'

အေဗာ တို့ကားမှာ ယောကျာ်းလေးက နဲနဲပဲပါတာမို့ မိန်းကလေးတွေပါ စိတိလွတ် ကိုယ်လွတ် အော်ဟစ်ပျော်ရွှင်နေကြသည်။
သို့ပေမယ့် ဒိတ် ပါလာတာကြောင့် တချို့ အလှပဂေးတွေကတော့ ယဉ်သကိုယ်မယ်တွေလို အပြိုင်ဆိုင် ပဲတွေ ပစ်ကျွေး၏။

"‌ကြိုး နားကြပ်ကြီး ဖြုတ်ထားစမ်းပါ
ဟိုမှာဂိမ်းဆော့မယ်တဲ့!!'

"ဟင် ဟုတ်လား ဒါပေမယ့် ရှုခင်းတွေပဲ ကြည့်ချင်နေလို့"

ဖွင့်ထားသည့် သီချင်းက
Billie Eilishရဲ့   lovely သီချင်း
ဘာလို့ရယ်မသိ စိတ်ဓာတ်တွေကျပြီး
ဘယ်ကို သွားရမှန်းမသိတဲ့ ခံစားချက်နှင့် တိုက်ဆိုင်လို့လားမသိ ထိုသီချင်းလေးနားထောင်ပြီး ရှူခင်းပဲ ငေးနေချင်သည်။

" အာ့တာ အသာထား ဟိုမှာ သီချင်းဆိုတိုင်း ဂိမ်းတဲ့"

"ကဲအခု တီချယ်တို့က ဒီဘက်ခြမ်းက ကလေးတို့ ဆိုတဲ့ သီချင်းကို တစ်ဖက်ခြမ်းက ကလေးတွေက ဆက်ဆိုရမယ် အိုကေလား"

တက်ကြွပြီး ချစ်စဖွယ်ကောင်းတဲ့ တီချယ်နုနုက ဂိမ်းအစီစဉ်ပြောပြတော့ အားလုံးက
သဘောတူပြီး သီချင်းတွေကို တစ်ခုံ နဲ့တစ်ခုံစပ်ဆိုသည်။
တစ်ဖက်ကဆိုလာတဲ့ သီချင်းအဆုံးကို စပ်ဆိုရတာမို့ ရတဲ့လူက အမိရ ထဆိုရတာပင်

"ရင်မှာခံစားရတဲ့ အဖြစ်ကို မင်းက နားမလည်ဘူး ငါ့ရဲ့ ဒဏ်ရာတွေ ခုထိတိုင် မကျက်သေးဘူး!!🎶🎶🎶"

"ဘ နဲ့စတယ် ဘနဲ့စတာဆိူ"

"ဘူလေးလဲ အာ့တာဘူလေးလဲ!!"

"ဟားဟား ခ်ခ်"

"လမ်းဆုံမှာ ရပ်နေတဲ့ လူနှစ်ယောက်‌တို့ဆွေးနေတယ် ဘယ်သူလဲကွယ် မင်းရယ်တို့ရယ်!!"

တစ်ဖက်နဲ့တစ်ဖက် အားကျမခံဆိုနေကျတာမို့ အေဗာ ဟူဒီလေးထဲ ကွေးကွေးလေး
နစ်၀င်ရင်း ပြုံးမိသည်။
ခဏကြာတော့

"ဟော ဒိတ် တို့အလှည့် ဆိုလေ အ နဲ့စတာ!!"

"ကျွန်တော်သီချင်းသိပ်မရဘူး!!"

မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်Where stories live. Discover now