Miss call တွေ တသီကြီးရှိတဲ့ဖုန်းကို မကိုင်ဘဲ မုန့်စားရန် အောက်ဆင်းလိုက္မိသည်။သူမ ဖုန်းအသစ်ပြောင်းသော်လဲပဲ ဒိတ်က မရမကလိုက်ဆက်သွယ်သည်။
ဖုန်းကျပျောက်ထဲက ပြန်မရှာရဲဘဲ အသစ်၀ယ်ကာ အိမ်ထဲ အောင်းနေဖြစ်ရ၏။
ခုထိ လူကခြေတုန်လက်တုန်ဖြစ်နေတုန်း
အနေထားကြီးက မျက်နှာကို ရေနွေးပူနဲ့ ဖြန်းထားသလို ရှိန်းမြမြရှိနေသည်။"သမီးလေး ဟင်းရည်ထပ်ထည့်လေ
ဘယ်နှယ့် ခေါက်ဆွဲစားတာ ဟင်းရည် တစ်စွန်းတောင်မရှိဘူးထည့်တာ ဟင်.... ဟယ် ပန်းကန်ထဲမှာ ပေါင်မုန့်အချပ်လိုက်ကြီး!!""ဟင်!!!'
ခေါက်ဆွဲပန်းကန်ထဲမှာ ပေါင်မုန့်မီးကင်ကြီးက ခန့်ခန့်ကြီးရယ်
အဲ့လောက်ထိ အတွေးလွန်ရသလား အေဗာ"အာ ဟုတ်သားပဲ အေဗာ ဟင်းရည်နဲ့ မှားထည့်မိတာ"
"ဟောအဆန်းပါလား!!"
"အဟီး ဒါနဲ့ မူယာနဲ့ မာမာရော"
"ကျောင်းပိတ်ရက်္မို့ မူယာ့ကိုအလုပ်အကြောင်းပြဖို့ ခေါ်သွားလေရဲ့"
"ဟုတ်လား ဘွားရော ဘယ်နေ့လာမယ်တဲ့လဲ!!'
"သဘက်ခါ တရားစခန်းပြီးမယ် ကြားတယ်"
"သွားကြိုရအောင်လား ဘွား ပုတု!!"
"အေးနော် သမီး ကျောင်းတက်ရက်ကြီး ဖြစ်နေတော့အဆင်ပြေပါ့မလား!!"
"ပြေအောင်လုပ်ရင် ပြေတာပေါ့ နော်သွားကြိုချင်လို့ ဖြစ်နိုင်ရင် ဒီမြို့ကနေ ခဏလောက် ထွက်သွားချင်လို့!!"
"ဟင် သမီးလေးကဘာလို့လဲ??ဒီမြို့ကနေဘာလို့!!"
"အော် စိတ်တွေမွန်းကျပ်လာလို့ပါ လုပ်ပါဘွားပုတုရယ် နော်နော်....'
အေဗာရဲ့ အကောင်းဆုံးလက်နက်ဖြစ်သော
မျက်လုံးလေးတွေဝိုင်းကျပြီး နီရဲသော နှုတ်ခမ်းလေးတွေကို ထော်ကာ ကြောင်လေးလို ချွဲနေခြင်းပင်"ဟုတ်ပါပြီ အိမ်ကခွင့်ပြုရင်သွားကြတာပေါ့!!"
"ယေး ဘွားပုတု အကောင်းဆုံး အူးမွ!!!'
ဖောင်းအိအိဘွားပုတုရဲ့ ပါးကြီးနှစ်ဖက်ကို နစ်၀င်အောင်နမ်းရင်း အေဗာက ခုန်ပေါက်နေသည်။
သို့ပေမယ့် ဘာမှ မကြာလိုက်ပဲ စားပွဲထက် ဖြူစုတ်ဖြူရော ပြန်ထိုင်နေပြန်သည်။
YOU ARE READING
မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်
Romance"ကျွန်တော်ငယ်ငယ်ထဲက သူ့ကို၀ယ်မယ်ပြောထားတာ အခုရောင်း" 'ဒိတ်ဒိတ်ကြဲ' "မောင်လေးတစ်ယောက်လို စဉ်းစားတိုင်း သူ့ဗလကြီးနဲ့ six pack တွေကအာရုံကိုလာလာနှောက်နေတယ်" 'Ava' "ကျေးဇူးတင်စရာကောင်းပေမယ့် ကျေးဇ...