သူအိမ်ပေါ်ရောက်သွားတော့
အိုမင်းချိနဲ့နေတဲ့ ဘွားမြရုံက ဝှီးချဲထက်ကနေ
တအံ့တဩကြည့်လာသည်။"မြရုံ!!!!!'
"လူလေး!!!လူလေးမလား"
"ဟုတ်ပါတယ်"
Devil ငယ်ငယ်ထဲက နာမည်ကိုင်ခေါ်တတ်တဲ့အကျင့်ရှိတာကြောင့် အားလုံးကအဆိုးအပေတေလိုသဘောထားကြသည်။မြရုံဆိုတာဟာလည်း အမေဘက်ကပါသော အဘအဘွား၀မ်းကွဲဖြစ်သလို အိမ်တော်ထိန်းလည်းဖြစ်ပြန်သည်။
",မြရုံကျန်းမာရေးခက်ခဲနေတာ ဘာလို့ကျွန်တော့်ကိုလာမတွေ့တာလဲ"
တိုက်ခံအိမ်ပေမယ့် အရာအားလုံး မှုန်မှိုင်းမှိန်ပြနေသည်။
ကလေးမငယ်ငယ်တစ်ယောက်သာ မြရုံနားတွေ့ရပြီး
လူသူလေးပါးကင်းကာ အိမ်တစ်ခုလုံး အကူမိန်းမငယ်တစ်ယောက်ထဲသာရှိနေပုံပင်"နှစ်တွေဘယ်လောက်တောင်ကြာခဲ့ပြီလဲ?"
"အများကြီးကြာသွားခဲ့တယ် ကျွန်တော် မြရုံကိုပစ်ထားခဲ့မိတယ်"
"မဟုတ်တာကွယ်!!"
"မြရုံ ဒီလိုေနရတာကျွန်တော့်ကြောင့်လား??"
"မဟုတိပါဘူးကွယ်မဟုတ်ပါဘူး!!"
ဘွားမြရုံက မျက်ရည်တွေပြည့်ကျပ်သိပ်နေခဲ့ပြီး devil လက်ကိုဆွဲယူ သူမပါးပြင်ထက်ကပ်ထားရင်း
"အဘွား မကာကွယ်နိုင်ခဲ့တာတွေပါ
လူလေးဟာ အမှားတချို့ကလွဲရင် ကျန်တာ ယုတ်လွန်ခဲ့တာမရှိပါဘူး""အဲ့ထဲမှာ ရေမြေ့ရှင် ရော ပါခဲ့တာလား??"
မြရုံက ခေါင်းလေးငုံ့သွားခဲ့ပြီ းး အဖြေကို ပြန်မပေးတာကြောင့် devil မုဆိုးဒူးထောက်ထိုင်ချရင်း
"ပြောပါ မြရုံ ကျွန်တော်သိရမှ ဖြစ်လိမ့်မယ်
ကျွန်တော့်အမုန်း မီးတောက်က မဆိုင်သူတွေပေါ် ဘယ်လောက်ထိ ကူးစက်သွားခဲ့တာလဲ??""လုံးစုံအပစ်တော့မဟုတ်ပေမယ့် ရေမြေ့လေးက လူလေးအပေါ်မှာ အတွယ်တာဆုံးဖြစ်ခဲ့တာတော့သိတယ်မလား"
"အင်း အဲ့ကလေးက အခုကျွန်တော့်အနားရောက်လာခဲ့တာ!"
"သေချာပေါက် အငြိုးတွေနဲ့မလား လူလေး!"

ESTÁS LEYENDO
မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်
Romance"ကျွန်တော်ငယ်ငယ်ထဲက သူ့ကို၀ယ်မယ်ပြောထားတာ အခုရောင်း" 'ဒိတ်ဒိတ်ကြဲ' "မောင်လေးတစ်ယောက်လို စဉ်းစားတိုင်း သူ့ဗလကြီးနဲ့ six pack တွေကအာရုံကိုလာလာနှောက်နေတယ်" 'Ava' "ကျေးဇူးတင်စရာကောင်းပေမယ့် ကျေးဇ...