"ဦး!!!"
"ဟင်!!"
အပျော့သားဂါ၀န်ရှည်က လည်ပင်းကနေ ခြေဖမိုးထိအုပ်ကျနေပေမယ့် နုမွတ်သော
လက်္မောင်းသား
လှပသောကိုယ်ထည်တွေကို ဖုံးအုပ်နိုင်ခြင်းမရှိပေ။
ဒါကိုပဲ မူယာက အပြေးကလေးဦးဆီသွားတော့ မို့မောက်နေသောအရှိုက်၀န်းမှန်သမျှ လှုပ်လီလှုပ်လဲ့ ယိမ်းနွဲ့လှပနေသည်။"ရှာလိုက်ရတာ ဦးရယ်!!"
"ဘာကိစလဲ ??"
ဦးရဲ့မျက်နှာချောချောဟာ ပြင်ဆင်ထားတဲ့သူမအလှတရားထံ တစက်တောင်ဂရုပြုမိတဲ့ပုံမပေါ်ရှာ
"ဒီနေ့ ဦးမွေးနေ့လေ မူယာ မွေးနေ့လက်ဆောင်လေး ပေးချင်လို့"
"မလိုပါဘူး။ပြီးတော့ ဒီနေ့ ငါ့မွေးနေ့မှ မဟုတ်တာ!!"
ထွက်ပေါ်လာတဲ့ စကားလုံး ဩရှရှ လေယူလေသိမ်းကအစ မူယာ ပျော်ရွှင်စွာနားထောင်မိနေသည်။
အုံ့ဆိုင်းဆိုင်း ပန်းခြံလေးမှာ ဦးရယ် မူယာရယ်ဟာ နှစ်ယောက်ထဲရယ်
"မူယာအသေချာမှတ်ထားပြီး လုပ်ပေးတဲ့ လက်ဆောင်လေးပါ ဦးရယ်
မူယာ့ရဲ့ ကျေးဇူးရှင် ကိုဒီလောက်တော့ လက်ဆောင်ပေးလို့ရတယ်မလား"ဖဲကြိုးဝါလေး စည်းနှောင်ထားတဲ့ ဘူးလေးကို Devil ဖြတ်ကနဲ ဆွဲယူလိုက်ပြီး
"ဒါပဲမလား အိမ်ထဲ ပြန်၀င်တော့!!"
"ဟုတ် အဟွတ် ဦးလက်ခံတော့ မူယာတစ်ညလုံး လက်ဆောင်ပြင်ဆင်ထားရတာ ပိုပြီး ၀မ်းသာရတယ် အ!!!'
ခလုတ်ကန်သင်းမရှိဘဲ မူယာက သူ့ရှေ့ ခေါင်းကိုနိုပ်ရင်း ပုံကနဲလဲကျသွားသည်။
"ဟေ့ မူယာ!!!'
ဉီးရဲ့ခြေသံက မူယာ့နားဆီရောက်လာတော့ သတိမေ့ချင်ယောင်ဆောင်ထားတဲ့ မူယာ လှစ်ကနဲ ပြုံးမိသွားသည်။
စီးကရက်နံ့သင်းသင်းက အေဗာ့ဆီမရောက်ခင် ခိုးသောက်ထားဟန်
ယောကျာ်းပီသပြီး စွဲလမ်းဖွယ် ရနံ့တို့က
မူယာ့ နှာထိပ်ဖျားဆီ ကလူကျီစယ်သည်။ဆွေ့ကနဲ ပွေ့ချီပုံက မညင်သာပေမယ့်
မူယာ့ကို မနိုင်မနင်းရှိလှသည့်ပုံ
ပြီးတော့ မြေဆွေးနံ့
ချွေးနံ့ကနှာခေါင်းထဲ တဟုန်ထိုး၀င်ရောက်လာတော့မှ

YOU ARE READING
မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်
Romance"ကျွန်တော်ငယ်ငယ်ထဲက သူ့ကို၀ယ်မယ်ပြောထားတာ အခုရောင်း" 'ဒိတ်ဒိတ်ကြဲ' "မောင်လေးတစ်ယောက်လို စဉ်းစားတိုင်း သူ့ဗလကြီးနဲ့ six pack တွေကအာရုံကိုလာလာနှောက်နေတယ်" 'Ava' "ကျေးဇူးတင်စရာကောင်းပေမယ့် ကျေးဇ...