part-18

9K 368 29
                                    

"နင်ကျောင်းစရိတ်နင့်ဘာသာငါရှာခိုင်းလား"

"မရှာခိုင်းပေမယ့်!!'

"အဝေးသင်ပြောင်းပြီး ကော်ဖီဆိုင်မှာ နင် အလုပ်တွေစုံလုပ်တယ် လူတန်းစေ့ဒီအဖေထားတာကို ဘာလို့ ကလန်ကဆန်တွေ ထလုပ်ရတာလဲ"

"နားညီးတယ် အဖေရာ အခု ကျောင်းလခ ပေးမယ်ဆို ပေးလိုက်"

"ညည်းကို မိတဆိုးလေးမို့ ငါအလိုလိုက်တယ်
ဘေးလူဘာပြောပြော ရွှေဆိုရွှေ အ၀တ်စားဆို အ၀တ်စား"

"အာ့တာတွေ ပေးထာရုံနဲ့ မူယာကမတင်းတိမ်ဘူး အဖေ ကားသေးသေးလေးတစ်စီး တိုက်ပုလေးရှိနေတဲ့ အနေထားကို မုန်းတာ
လူ့ဘ၀မှာ ရသည့်အခိုက် တကယ့် first class အခြေနေမျိုးမှာနေချင်တယ်"

နယ်ကနေ ပွဲရုံသေးသေးလေးရှိထားရုံနှင့်
သမီးကို စိတ်ချမ်းသာအောင် ထားနိုင်ခဲ့ပြီထင်ခဲ့တာ
အမေသွေးအပြည့်၀ပါလာခဲ့တဲ့ မူယာလဲ့လဲ့

အခုလည်း နယ်ကနေ မြို့တက်ရောင်း၀ယ်တဲ့ အသိတွေက ကိုယ့်ကလေးကို ကော်ဖီဆိုင်မှာ အလုပ်လုပ်တာ တွေ့ရတယ် ပြောထဲက စိတ်တွေထူပူသွားတာ

ချက်ချင်း‌အဆောငိရှေ့ရောက်လာမိတော့လဲ အခုပဲ ပြန်ခိုင်းစေချင်သည့်ပုံရိပ်က မဖုံးနိုင်မဖိနိုင်

"သမီး !!!"

"သမီးကို ချစ်ရင် ဘာလုပ်လုပ် မတားပါနဲ့လား"

"မဟုတ်ဘူး နင့်အမေလို အလိုကြီး အရနည်း ဖြစ်မှားစိုးလို့ ငါက သတိပေးနေရတာ"

"အလိုက လူတိုင်းကြီးတယ် ‌အဖေ
ရောင့်ရဲနိုင်တဲ့လူနဲ့ မရောင့်ရဲ နိုင်တဲ့ လူ နှစ်မျိုးပဲ ရှိတယ်"

"အခုဘာတွေ အကြီးကျယ် ချမ်းသာချင်နေတာလဲ!!!"

"ချမ်းသာချင်တာထက် အခု မူယာ လူတစ်ယောက်ကို ချစ်မိနေပြီ"

"ဘယ်လို !!!"

"အခြေနေက ကိုယ့်ဘက်ကဖြစ်နေတာမို့ အဖေ ဘာမှ ၀င်မပါဘဲ ဒီတိုင်းနေပေးပါ
အခက်ကြုံရင်တောင် မူယာ့အဖေပါဆိုပြီး လက်ညိုးထိုးဆွဲမထည့်ဘူး!!"

"အော် ငါ့သမီးလေး ကြီးလာရင် ဒီလို မဖြစ်စေရဘူးဆိူတဲ့ စိတ်နဲ့ ပြုစုခဲ့တာ အခုတော့ ညည်းအမေ ခြေရာ နင်းနေခဲ့တာပဲ ဗီဇ က တယ်ကြောက်ဖို့ကောင်းတာကိုး!!"

မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်Where stories live. Discover now