part-16

8.7K 387 24
                                    

"ကြည်မောင် ကြိုးရော??"

"ဟင် မသိဘူးလေ ကျော် ငါကဟိုဘက်္မှာ ရွက်ဖျင်တဲ ထိုးမရလို့ ကူပေးနေတာ"

"ဟာ ကြိုးအဲ့ဘက်ထွက်သွားတယ် မှောင်တော့မယ် "

"ဟင် ဒါဆို ပြန်ပြီး သွားရှာကြည့်မယ်"

"အင်း ငါ ဒိတ်ခေါ်ပြီး လိုက်လာမယ်"

ကြည်မောင်က ခေါင်းလေးအသာညိတ်ပြီး
တောစပ်ဘက်နားတဝိုက်ပြေးထွက်ကာရှာလေသည်။

"ဒိတ် !!"

"ပြော!!"

"‌ဟို ြကိုး ကို မတွေ့လို့"

"အဲ့ဒါငါနဲ့ ဘာဆိုင်လဲ???"

"ကျွတ် မရစ်စမ်းပါနဲ့ကွာ ကြိုးပျောက်နေတာ တစ်နာရီလောက်ရှိပြီ စောနထဲက
ကြည်မောင့်ဆီ ထွက်သွားတာ"

"အာ့တာ ကြည်မောင့်မေးပါလား တော်ကွာ အာရုံနောက်တယ် လာမပြောနဲ့"

"အေးပါ ခွေးဝဲစားပြီးမှ မနေနိုင် မထိုင်နိုင်
လိုက်္မရှာနဲ့"

ကြည်ပြာနဲ့ အကင်တွေ စီရီချရင်း ဒိတ် က ပခုံးတစ်ချက်တွန့်လိုက်ပြီး

"ဒါက တီချယ်တွေဖို့
အအေးဘူးတွေက ဟိုထောင့်မှာ ထားထားတယ်"

"ဟင် ဒိတိက မကူပေးတော့ဘူးလား
ကြည်ပြာမှ မသယ်နိုင်တာ!!"

"ဟုတ်လို့လား တောင်တက်တူန်းက မင်းအ၀တ်စားအိတ်ကြီး သယ်တာကျ ဖြောင့်ဖြူးလို့"

"ဟွန်း ဒိ‌တ်နော် အာ့တာ က အိတ်သာကြီးတာ မလေးဘူး "

"မတတ်နိုင်ဘူး သွားစရာရှိလို့"

"ဘယ်ကိုလဲ ဟိုမိန်းကလေးကို သွားရှာဖို့လား??"

"ချီးပါဖို့!!!!!!!'

"အိ!!!"

အငေါ့တူးပြီး ဖြေသွားပေမယ့် ကြည်ပြာ
မကျေနပ်နိုင်

တည်ကြည်မောင် တောစပ်နား ၀င်ပြီး ရွက်ဖျင်တဲအတွက် အခုခံရှာခိုင်းတာမှန်ပေမယ့်
အေဗာ့ကို တွေ့တော့ စိတ်က မနာလိုကာ တောထဲဝင်သွားသည်လို့ ညာပြောလိုက်သည်။
ဒိတိနဲ့ နီးစပ်နေတာကိုပဲ သူမမှာ မအေးချမ်းရပါ.....

.........

"အဟင့် ဒါဒါ အီးဟီး!!'

တောကြီးအလယ်မှာ ဒုတ်‌ကလေး ဘေးချပြီး ဒူးပိုက်ရင်း ငိုချလိုက်သည်။
သူမအရမ်းကြောက်လှသည်။
မိုးမချုပ်သေးပဲ ဒီနေရာတွေ ညှို့မှိုင်း အုံ့စိုင်းနေတာကိုက လူကို ထိတ်လန့်စေကာ
ဘယ်နေရာမှ မကြည့်ရဲပေ

မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်Where stories live. Discover now