"ကျောင်းမထွက်ပါနဲ့ နိုင်းရယ် နော်"
မျက်ရည်ကြည်ဝေ့ဝေ့လေးနဲ့ အေဗာက အလောတကြီးဆိုသည်။
ဒီလို သနားသလိုအကြည့်တွေ သူ မလိူလားပေမယ့် မေမေ့ရဲ့ ဂရုဏာကို အရယူဆိုတဲ့စကားကြောင့် ခပ်လေးလေးပြုံးကာ"မထွက်ချင်ပါဘူး အေဗာရယ် ကိုယ် နည်းလမ်းရှာကြည့်ဦးမှာပါ နော်စိတ်မပူပါနဲ့"
"နိုင်း ကျောင်းတက်ရဖို့တစ်ခုထဲ ညစ်စရာရှိရင်လေ အေဗာ ကူညီမယ် "
"မဟုတ်တာ ကွာ ကိုယ်မလိုချင်ပါဘူး"
"တကယ်ပါဆို သဘက်ခါလောက်ဖြစ်ဖြစ် အေဗာ ကြိုးစားပေးမယ် ရှာရဖွေရဖို့တွေရှိလို့ နော် မငြင်းပါနဲ့ နိုင်းရယ်.....''
ရှာရဖွေရဖို့ဆိုတော့ သူ့အိမ်ကငွေတွေဘာတွေများ ပေးမသုံးတာလား
၀တ်ထားတာလေးတွေက ပါးပါးလေးပေမယ့်
စိန်အစစ်တွေဆိုတာ သူသိသည်။
သူမလက်စွပ်လေး ပေးသုံးရင်တောင် သူဆယ်နှစ်တိတိ ထိုင်ဖြုန်းလို့ရသည့်အနေထား
သို့ပေမယ့် ဒီအတွေးက ခဏလေးပဲ ဖြစ်သွားခဲ့ပြီး အေဗာ့ ကို လိပ်ပြာမလုံသည့်ခံစားချက်က ဖြစ်ပေါ်လာရသည်။ငွေကြေးကိစတွေဖယ်ရင်တောင် တခြားမိန်းမလှလေးတွေထက် အေဗာ့ကိုရွေးမိမှာပင်
ဒီလောက် ရိုးသားပြီး အေးချမ်းမှုနဲ့ ချစ်စဖွယ်ကောင်းတဲ့မိန်းကလေးကို နှစ်နှစ်တိတိ သတိမထားမိခဲ့တာ သူ့ညံ့ဖျင်းမှုလက်ဖဝါးခြေဖဝါးလေးတွေကအစပန်းရောင်သန်းနေတတ်ပြီး
မထိရက္မကိုင်ရက်အောင် မြတ်နိုးဖွယ်ကောင်းသည်။
အခွင့်ရေးမပေးလေ သူပိုပြီးဒီမိန်းကလေးကို လိုချင်မိလေပင်အခုတောင် လက်ဖဝါးလေးကို သူ့လက်ထဲမှာ ကြာကြာထားခွင့်မပေးဘဲ အတန်းတက်ဖို့ ခေါ်နေသည်။
"လာပါ စိတ်မညစ်နဲ့တော့ ကျောင်းကိစ အေဗာ ဖြေရှင်းပေးမယ် အဲ့အတွက် ကိုယ့်ကိုကိုယ် မသိမ်ငယ်ဘူးလို့ပဲ ကတိပေး.....""
"အင်းပါ ...."
"အတန်းသွားစို့ တည်တည်တို့ကျော်တို့ကလည်း စိတ်ပူနေတာရယ်"
"အေဗာ!!!"
"ဟင်!!!"
ဖြတ်ကနဲ လှည့်ကြည့်လာတော့ ကြည်တောက်သောမျက်၀န်းလေးတွေက တဖျတ်ဖျတ်လဲ့နေသည်။
ဆံနွယ်လေးတွေ မျက်နှာပြင်ကို ထိကပ်တော့ ခပ်ဖွဖွ သပ်တင်ရင်း ပါးပြင်နုနုလေးက ပန်းရောင် ယှက်တင်သွားသည်။
နီတာရဲ နှုတ်ခမ်းလေးက ခပ်ဟဟဖြစ်သွားပုံက နိုင်းရင်ထဲ ဒိန်းကနဲ ရှိန်းကနဲရယ်
YOU ARE READING
မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်
Romance"ကျွန်တော်ငယ်ငယ်ထဲက သူ့ကို၀ယ်မယ်ပြောထားတာ အခုရောင်း" 'ဒိတ်ဒိတ်ကြဲ' "မောင်လေးတစ်ယောက်လို စဉ်းစားတိုင်း သူ့ဗလကြီးနဲ့ six pack တွေကအာရုံကိုလာလာနှောက်နေတယ်" 'Ava' "ကျေးဇူးတင်စရာကောင်းပေမယ့် ကျေးဇ...