part-31(🚨🚨🚨🚨)

27.1K 394 20
                                    

သာယာသောရှုခင်းတွေက မျက်နှာလွှဲရက်စရာမရှိ

လိမော်ရောင်ဆည်းဆာညနေခင်းကြီးက တောင်တန်းတချို့ရဲ့နောက္မှာ တင့်တယ်စွာ
လယ်ယာစိူက်ခင်းလေးတွေကလည်းစီရီညီညာသေသပ်ပုံကြောင့် ညနေခင်းအလှလေးကဆွဲမက္ဖွယ်ကောင်းနေသည်။
ထို့အတူ
အကြောပြိုင်းပြိုင်းထနေတဲ့လက်တို့က
သူမပေါင်တံတွေ ထိကိုင်လာတော့ အေဗာ ကြက်သီးတွေထလာသည်။
ကားမောင်းနေတဲ့တောက်လျောက် စကားလုံး၀မဆိုပဲ ကားကိုသာတစိုက် မတ်မတ်မောင်းသည်။
ပင်ပန်းတယ်ထင်ရင် သူမပေါင်တံ‌လေးကို လာထိကိုင်ပြီး ပြန်မောင်းပြန်သည်။

တနေကုန်ကားမောင်းလာတာ လမ်းခရီးမှာ အပေါ့ပါးသွား မုန့်စားတာကလွဲရင် မရပ်မနားချေ
မန်းလေးနားရောက်ခါနီးတော့ ကား
အခြေနေစစ်မလာ‌ရသေးဘူးဆိုကာ
ခနလေးရပ်တာပဲရှိခဲ့၏။

အနည်းငယ်လည်းမှောင်လာပြီမို့ မန်းလေးမှာ သူ့အသိအိမ်တစ်လုံးဆီနားဖို့ခေါ်ဆောင်လာသည်။
လူသူမရှိတဲ့ ခြံငယ်လေးထဲမှာ
တိုက်အိမ်ပိစိလေးတစ်လုံးက၀ပ်၀ပ်လေး
အုံးဆိုင်းနေတဲ့အပင်တွေကြောင့်ချစ်စဖွယ်တော့ကောင်းနေလေသည်။
ခြံသော့ကိုတော့ပိုင်ရှင်က သူမတို့ရောက်ချိန်မှာ လာပေးကာထွက်သွားလေသည်။
ရှောင်ပေးတဲ့သဘောမှန်းသိပေမယ့် အေဗာ ကားပေါ်ကမဆင်းချင်

"ဟေ့ ဆင်းလေ!!"

"ဟင့်အင်း ဒီည အေ‌ဗာ ကားပေါ်မှာပဲအိပ်မယ်"

"မ.. ညောင်းနေပြီ‌ေလ ကျောဆန့်ဖို့ ပဲဟာ"

ပြောပုံက မသိရင် ဒီကပဲ မဟုတ်တာထိုင်တွေးနေသလိုလို

"ရတယ် မလိုဘူး"

ဒိတ်က ကားတံခါးကိုဖွင့်ရင်း ပြုံးစစနဲ့ ခါးညွတ်ကိုင်းရင်း အေဗာ့ ပါးလေးနားထိတိုးကာ

"ကောင်းကောင်းခေါ်တုန်းဆင်းရမှာပေါ့ မရဲ့"

"ငါလည်း ကောင်းကောင်းပြောနေတာပဲ"

"‌ေြကာက်နေတာလား??'

"ဘာ ..ဘာဆိုင်လို့လဲ မကြောက်ပေမယ့် ....""

"မောင့်ကို မယုံဘူးလားစိတ်ချ လက်ဖျားနဲ့တောင် မတို့ဘူး"

အေဗာ့ ၀င့်ကနဲကြည့်လာတော့ ဒိတ်က ခေါင်းညိတ်ပြရင်း

မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်Where stories live. Discover now