"ဘာလိုလို နဲ့ လေးလတောင် ကြာခဲ့ပြီ
မင်း ဆေးသုံးနေတာတွေ ရပ်လိုက်ပါလား""Shut up!!!!"
"မင်းအတွက် ပြောပေးနေတာ ဒိတ် ငါတို့လည်း သတိရတာပဲ ကြည်မောင်ဆို မျက်ရည်တဝဲဝဲနဲ့"
"သတင်းကလွဲလို့ ဖြောင်းဖြတာ ဆုံးမတာ လာမလုပ်နဲ့ကျော်
ငါ့သည်းခံမှုက ဒီအချိန်မှာ အရမ်းနည်းနေတယ်""ငါသိလို့ပေါ့ကွာ ကြိုး အဆင်ပြေနေတယ်တဲ့"
"အော်!!"
"သူ့father ကြီးက ခြွေရံသင်းပင်းအကျပနနဲ့ ထားတာတဲ့ ဒါပေမယ့် social media သုံးဆွဲတာတော့ ကြိုးအတွက် လွတ်လပ်မှုမရှိဘူးပေါ့"
ဒိတ်ကနားပဲထောင်နေပြီး ဆေးလိပ်ကိုလက်လှမ်းတော့
"မင်းအားကစားဝါသနာပါရက်နဲ့ ဘာလို့ ကိုယ့်ကိုကိုယ်ဖျက်နေတာလဲ"
"အဟွန်း ငါကိုယ်တိုင် သူ့ကို နာကျင်အောင်လုပ်မိထားတာလေ"
"မင်းနာကျင်အောင်လုပ်တာက သူ့ကို ဘေးကင်းစေချင်လို့ မဟုတ်လား ?"
"ဘေးကင်စေဖို့ ဟုတ်တယ် အတူအမြန်ဆုံးနီးစပ်ဖို့ထက် ငါ့မာနက အလေးပိုသာသွားတယ်ထင်တာပဲ"
"အားချင်းပြိုင်တော့ရောာမင်းစိတ်ချမ်းသာရလို့လား?"
"မသိဘူး ငါ့မခံချင်စိတ်တွေကို လာဆွပေးတာ အဲ့ဘဲ !!!ပြီးတော့ accident တစ်ခုကငါ့အတွက် တိုက်ရိုက်ကြံစည်တယ်ဆိုတာငါသိတယ်"
"သက်သေလည်းမရှိဘဲနဲ့ ပင်လယ်နက်ကဒီလိုမျိုး....''
"မင်းကပါ သူ့ဘက်ကလား??'
"မဟုတ်ဘူးလေ ဒိတ်ရာ မင်းဆေးသုံးတိုင်း ပိုပြီး အကဲဆတ်တယ်ပြောရတာ အခုလည်း ဒီ beach ရောက်နေတာ အိမ်ကို မပြောလာဘူးဆို"
"ငါဆေးသုံးပြီးကွဲနေတာကို အိမ်ကိုအသိပေးပြောလာရမှာလား"
"မဟုတ်သေးပါဘူး ကဲ မင့်သုံးချင်သပဆို သုံး
ဒါပေမယ့် မလွန်ကဲစေနဲ့""အေး လာရင်းနဲ့ သူ့လိပ်စာကို သိအောင်စုံစမ်းပေးခဲ့ပါလား"
"ဟေ့ကောင် မင်း!!!'
"မလိုက်သွားပါဘူး သိရရင်တောင် သူရှိတဲ့ရပ်၀န်းဘက်ကိုလှည့်ပြီးဆွေးလို့ရတာပေါ့ "
YOU ARE READING
မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်
Romance"ကျွန်တော်ငယ်ငယ်ထဲက သူ့ကို၀ယ်မယ်ပြောထားတာ အခုရောင်း" 'ဒိတ်ဒိတ်ကြဲ' "မောင်လေးတစ်ယောက်လို စဉ်းစားတိုင်း သူ့ဗလကြီးနဲ့ six pack တွေကအာရုံကိုလာလာနှောက်နေတယ်" 'Ava' "ကျေးဇူးတင်စရာကောင်းပေမယ့် ကျေးဇ...