"ချခဲ့တဲ့ဆုံးဖြတ်ချက်တိုင်းဟာ မ ဆီကိုပဲ ဦးတည်မိတယ်
နူးညံ့တဲ့အချစ်တွေပေးမိဖို့ မောင် အင်တိုက်အားတိုက်ကြိုးစားမိတာ
မသိတတ်ခင်အရွယ်ထဲက.....""ဒီအတိုင်းစွဲလန်းတာထက်ပိုတယ်
အပိုင်ရချင်တယ် အဲ့ဒီအပြုံးတွေ...
ဟုတ်တယ်...
အဲ့အပြုံးတွေထိအပိုင်ရချင်တယ်"...............
🍓🍓🍓🍓🍓🍓
သာယာသောပန်းခင်းကြီးအလယ်မှာ အဖြူရောင်ဂါ၀န်လှလှလေးနှင့် အေဗာ
ဖြူနှစ်နေသောအသားရည်လေးက နေရောင်ခြည်အောက်္မှာ နတ်မိမယ်လေးလို
လင်းလဲ့နေသည် ။
စတော်ဘယ်ရီခြင်းလေးကိုင်ပြီး နက်ထွေးနေသောဆံနွယ်လေးကို ဒီအတိုင်းဖြန့်ချထားတာတောင်ကဗျာဆန်နေ၏။စတော်ဘယ်ရီလေးစားလိုက် ပန်းလေးတွေကြား ပြေး၀င်လိုက်နှင့် သူမမျက်နှာထက်က
Ice cream ထက်ချိုမြနေသည့်အပြုံးတို့ကို
Second မလပ်ငေးကြည့်ကြည့်နေမိသည်။
ပထမမြောက်ခေါ်လာတုန်းက ဒီရင်ခွင်ဆိုတဲ့ ခြံလေးအခုကတော့လားရှိုးရဲ့ တောင်တန်းတစ်နေရာက " Dear Ava " ဆိုတဲ့ ခြံလေးပေါ့...
ဆိုင်းဘုတ်တင်ခြင်းနှင့် မဂ်လာဧည့်ခံပွဲကို တနေ့ထဲကျင်းပမှာမို့
ဖဲသား အဖြူရောင်အုပ်ထားပြီး အေဗာ့ကိုတောင် ပေးမသိခဲ့"ဟေး ....မောင်!!!'
ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီး သစ်ပင်ကိုမှီကာခပ်နွဲ့နွဲ့ရပ်နေသော ဒိတ်ဆီ ကြည့်ကာ အေဗာကလက်လေးဝှေ့ရမ်းပြရင်း
အသံပိစိလေးနှင့်အော်ခေါ်သည်။သူအသာမေးဆတ်ပြတော့ ပန်းခင်းထဲကနေ
တောင်ကုန်းပေါ်ကအိမ်လေးဆီညွှန်ရင်း"ဘယ်တုန်းထဲက ဆောက်ပြီးသွားတာလဲ"
"မကြာသေးခင်ကပေါ့"
"ခရီးတွေထွက်နေရတာ အာ့တာကြောင့်လား"
အသာပြုံးရင်းခေါင်းညိတ်ပြတော့ သူမလေးက ပြုံးပြီးပြန်ကြည့်လာသည်။
ခပ်လှမ်းလှမ်းအကာဝေးတစ်ခုကနေ တစ်ယောက်ကို တစ်ယောက် အော်ပြောနေရတာ
ကိုပျော်ရွှင်ကြည်နူးနေကြသည့်အတိုင်း
YOU ARE READING
မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်
Romance"ကျွန်တော်ငယ်ငယ်ထဲက သူ့ကို၀ယ်မယ်ပြောထားတာ အခုရောင်း" 'ဒိတ်ဒိတ်ကြဲ' "မောင်လေးတစ်ယောက်လို စဉ်းစားတိုင်း သူ့ဗလကြီးနဲ့ six pack တွေကအာရုံကိုလာလာနှောက်နေတယ်" 'Ava' "ကျေးဇူးတင်စရာကောင်းပေမယ့် ကျေးဇ...