part-29(🚨)

19.9K 477 27
                                    

"ကျွန်တော့်ဆီဆက်သွယ်လာရတဲ့အကြောင်းရင်းက ??"

"ဒေါ်ညှို့အား နောက်ကို လိုက်ပေးပါ အေဗာ နဲ့ ဆရာ အခု Ethan လက်ထဲမှာ!!!"

"ဒါကျွန်တော့်ကိစမဟုတ်ဘူး လာရာအတိုင်းလှည့်ပြန်!!!"

"ဟာ ယုံပါဗျာ တကယ်ပြောတာပါ Ethan က!!"

"ခများကို ခုချက်ချင်းပြန်လို့ပြောနေတယ်မလား လုပ်ဇာတ်တွေလာမခင်းနဲ့"

"ဒေါ်ညှို့အားတစ်ယောက်ထဲ သုံးနာရီအတွင်း နှစ်ယောက်စလုံးမကယ်နိုင်ဘူး
ဒါကြောင့်မို့"

လိပ်စာနှစ်ခုကို ဒိတ်ရှေ့ တွန်းပို့ပေးရင်း
နေမျိုးက တောင်းပန်သလို ကြည့်ကာ

"အေဗာ့ကို တကယ် လက်လွှတ်လိုက်ပြီဆိုရင်တော့ ကျွန်တော်လူမှားပြီး အကူညီလာတောင်းမိတာပဲ ခွင့်ပြုပါဦး!"

နေမျိုး ထိုင်နေရာမှ ထတော့ ဒိတ်က အံကို တင်းကနဲကြိတ်ရင်း

"နောက်တစ်ခါ အဲ့အိမ်ကဇယား ကျုပ်ကိုလာမပြောနဲ့!!!'

"ကောင်းပါပြီ!!!"

နေမျိုး ထွက်သွားတာကို ထိုင်ကြည့်ပြီးတဲ့နောက်
ကားသော့ကို ကောက်ဆွဲလိုက်ပြီး ဝုန်းကနဲထရပ်တော့

"ဒိတ်!!!!'

"မင်းသွားမှာမလား??"

"........"

ဘာမှ ပြန်မဖြေပဲ ကားထားရာနေရာဆီခြေလှမ်းကျဲတွေနဲ့ ထွက်ခွာတော့ ကျော်က နောက်ကနေ ကပ်ပါလာရင်း

"ငါလည်းလိုက္မယ်"

"နေခဲ့!!!"

"ငါလည်း စိတ်ပူနေတာနော်"

"ကျွတ် ပါးပါးနဲ့ ဒယ်ဒီနား နေခဲ့စမ်းပါ!!'

"ကြည်မောင်ရှိတယ်"

သူပြိုင်ကားအနက်ပေါ်တက်တော့ ကျော်ကလည်း နောက်ကနေ သူ့ပြိုင်ကားအဖြူရောင်ပေါ် ‌တက်သွားလေသည်။
ဒီရက်ပိုင်း သူတို့နှစ်ယောက် ဒိတ်ဆီ ရောက်နေမိတာ မှန်တယ်လို့ပြောရပေမည်။

အရင်ဆံုးအရှိန်ပြင်းစွာမောင်းထွက်သွားသော ဒိတ်ရဲ့ ကားနောက် မြီးကို ကြည့်ပြီး သူခပ်တွန့်တွန့် ပြုံးမိသည်။
စိတ်မပူတာလဲမဟုတ်ပဲနဲ့
ယောက်ျားတန်မဲ့စိတ်ကောက္္ ချင်သေး

မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်Where stories live. Discover now