part-17

8.6K 362 36
                                    

"ဦး !!!!"

မူယာ့ အသံလေးက devil.ကို တွေ့တော့မှ အားရ၀မ်းသာလေး ထဖြစ်ကာ

"ဦးလာတယ်!!!'

"အင်း  မင်း အဆင်ပြေရဲ့လား?"

"ပြေပါတယ် ဦး ဟိုဟာလေ ကျေးဇူးတင်ကြောင်းတောင် အေဗာ နဲ့ လှမ်းမှာလိုက်သေးတယ်"

"မလိုပါဘူး မင်း ကျောင်းဆက်တက်ဖို့ ကူညီပေးနိုင်တယ်လို့ပဲ မှတ်ယူတယ်"

"ဟုတ်ကဲ့ ပါဦး "

"အဆောင်ရော ပြောင်းနေဖြစ်ပြီလား"

"နေဖြစ်ပါတယ်ဦး "

"ကောင်းပြီ နောက်တစ်ခါ အဆင်ပြေပြေရပ်တည်နိုင်တဲ့ အနေထားကိုပဲ မြင်ချင်တယ်
Good luck!!"

"ဟင်!!"

စကားစ ဖြတ်ပြီး ဆိုင်ပိုင်ရှင်နဲ့ ပြန်ထွက်သွားသော ဦး ရဲ့ နောက်ကျောကို မူယာ မချင့်မရဲ ကြည့်ရင်း ၀မ်းနည်းသွားသည်

ချောတာထက် ဦးပုံစံက ဖမ်းစားနိုင်သည်။
ဒိတ်ကျတော့ ချောသည် နုသစ်သည်
ဒိတ်ကိုငေးကြည့်ရုံသာမက္‌မောပြီး
ဦးကိုကျတော့ ဘာနဲ့မတူ စွဲလန်းသည်။
မိုက်တိမိုက်ကန်း အကြည့်တွေ
မနူးညံ့တဲ့ အမိန့်စကားသံတွေ
စီးကရက်ခဲထားတတ်သည့် နီညိုရောင် နှူတ်ခမ်းတွေကအစ သူမရင်ကို လှုပ်ရှားစေသည်။

စွဲမက္ ဖွယ် အကောင်းဆုံးကတော့ အကျီရင်ကွဲ၀တ်ချလိုက်တိုင်း ဖြူဖွေးစွာ ထွက်ပေါ်လာတတ်သည့် စွံကားသောရင်အုံတွေပင်

မဖြူစင်သည့်ရည်ရွယ်ချက်နဲ့ ကပ်မိပေမယ့် တဖြည်းဖြည်း ဦး မျက်နှာညိုမှာ ကြောက်သည်။
ဦး အထင်လွဲမှာ စိုးရိမ်လာသည်။
ဦး‌စားပေးတတ်သော နူးညံ့သော အပြုံးတွေကို အရူးတစ်‌္ယောက်လို လိုချင်လာရ၏။

အုံးစက်ရာအတူနွှဲဖို့ထိ စိတ်တို့က ခိုင်မာခဲ့ပေမယ့်
နေမိုရ်နိုင်းလို  သာသာလေး မပထုတ်နိုင်ဖို့ ယုံကြည်မှုတွေကို အရယူနေရသည်။
ရိုးသားသောအကြည့်အပြုံးတွေကအစ ဦး နဲ့တွေ့တွေ့ အေဗာနဲ့တွေ့တွေ့ ချပြမိသည်။
အရေးကြီးတာက ဦး ရဲ့ အိမ်ထဲ တနည်းမဟုတ် တနည်းနဲ့ ၀င်ရောက်ရဖို့.....

"ဟိတ် ဘာတွေငေးနေတာလဲ"

"အော် ဘာမှမဟုတ်ပါဘူး သစ်ရာ တို့ အတွေးနဲနဲများသွားလို့!!"

မင်း ကို အပိုင်ရမှ ဖြစ်မယ့်ကောင်Where stories live. Discover now