Part :: 1

1.1K 67 5
                                    

Uni>3

'ကြိုဆိုပါတယ်ခင်ဗျ...ဘယ်လိုပန်းမျိုးအလိုရှိပါသလဲ'

'ကျူးလစ်ပန်း ရှိလားရှင်'

'ဟုပ်ကဲ့ရှိပါတယ်..ဘာအမျိုးအစားထဲက လိုချင်လဲ ခင်ဗျ..ဒီဘက်တစ်ချက်ကြွပါ.. ကျွန်တော်လိုက်ပြပေးမယ်နော်'

ပန်းတွေ ရောင်းဝယ်တယ်ဆိုတဲ့ အလုပ်ကို ခင်ဗျားတို့ဘယ်လိုမြင်ကြလဲ။ကျွန်တော့်အတွက်တော့ အရမ်းကိုနူးညံ့ပြီး နှလုံးသားနဲ့နီးစပ်တဲ့ အလုပ်တစ်ခုလို့မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအလုပ်က အုန်းနှောက်နဲ့လုပ်ရတာမဟုပ်ဘူး နလုံးသားနဲ့လုပ်ကိုင်ရတာမို့ပါ။

ကျွန်တော်က mini ပန်းဆိုင်လေးတစ်ခုမှာ အလုပ်လုပ်တယ်။ ဆိုင်ပိုင်ရှင်ကြီးမဟုပ်ဘဲ သာမန်ဝန်ထမ်းတစ်ယောက်ပါ။ သို့ပေမယ့် ဒီဆိုင်တစ်ခုလုံးမှာ ဝန်ထမ်းဆိုလို့ ကျွန်တော်တစ်ယောက်ထဲ ရှိတာမို့ ပန်းအားလုံးရဲ့ ပဲ့ကိုင်ရှင်ဟာ ကျွန်တော်ပဲပေါ့။

ကျွန်တော် မနက်ပိုင်းအလုပ်စရောက်ရင် ပန်းတွေကို စပြီးပြုစုရတယ်။ ပန်းတွေ ဝယ်သူလက်ထဲမရောက်ခင် မညှိုးနွမ်းသွားဖို့နဲ့ လတ်ဆတ်ရှင်းသန့်နေဖို့က ကျွန်တော့်ရဲ့အရေးကြီးဆုံးတာဝန်ပဲလေ။ ရေပုံမှန်လောင်းပေး၊ နေရောင်ကြီးပြ၊မြေဩဇာ ပုံမှန်ထည့်ပေးရုံနဲ့ ပန်းပင်တစ်ပင်ကြီးထွားရှင်သန်လာဖို့မလုံလောက်ပါဘူး။ ပန်းတွေဟာလည်း လူတွေလိုဘဲ ပုံစံအမျိုးမျိုး အကြိုက်အမျိုးမျိုးနဲ့ရယ်။ တစ်ချို့ပန်းတွေက ရေကြိုက်တယ်။ တစ်ချို့ပန်းတွေကြတော့ ရေမကြိုက်ပြန်ဘူး။တစ်ချို့ကျတော့ ယုယုယယ ထွေးပွေ့ထားမှ ကြီးထွားလွယ်ကြတာမျိုး။အဲ့လိုဆိုပြန်တော့ ဂရုစိုက်လွန်းရင် မကြီးထွားတော့တဲ့အပင်တွေလည်းရှိပြန်သေး။ ဥယာဉ်မှူးတစ်ယောက်ဆိုတာ ပန်းတွေရဲ့သဘာဝကို သေချာစွာနားလည်ပြီး စိတ်ရှည်ကြရတယ်။ ပန်းတစ်ပွင့်ချင်းစီရဲ့ ဖြစ်တည်မှုကို နှလုံးသားတစ်ခုလုံးနဲ့ ဂရုစိုက်ပေးကြရတယ်။ ကျွန်တော်လည်းပဲ ထိုကဲ့သို့ ဥယာဉ်မှူးတစ်ယောက် ဖြစ်ဖူးချင်တယ်။

———

'သား...လာလေ မနက်စာထိုင်စား'

'Daddy ကုမ္ပဏီမသွားသေးဘူးလား'

The language of flowers Where stories live. Discover now