Part :: 15

192 28 2
                                    

Uni
At Flower Shop 🌸

'အကို~~~'

'ဟင်?'

'အကို!!'

'ဟင်!'

'အကိုလို့..'

'ဂျောင်ဂု..ဘာဖြစ်နေတာလဲ..'

'အကိုကျွန်တော့်ကိုကြွေသွားအောင်လုပ်နေတာလေ..'

'အရမ်းကဲတာဘဲ'

'ဟ..ကဲတာမဟုတ်ဘူးချစ်တာ.အကိုကတော့ဘယ်သိပါ့မလဲ..ကျွန်တော်ချစ်တာဘဲခံနေရတဲ့လူလေ..ကျွန်တော့်မှာတော့ အကိုကျွန်တော့်အနားရောက်လာအောင် ဘယ်လောက်ထိကြိုးစားခဲ့ရတယ်ထင်လို့လဲ..အရေးထဲအကိုကအလိုက်ကန်းဆိုးလည်းမသိ..အရိပ်သုံးပါးလဲနားမလည်..မျက်နှာရိပ်မျက်နှာကဲမခတ်တတ်နဲ့..'

'ဟင်းးသူချစ်တာကိုမရိပ်မိတာနဲ့ဘဲ..ငါ့ကိုမိုချိုးမျစ်ချိုးကိုပြောနေတော့တာ..နေပါဦး..မင်းကငါ့ကို ဘယ်တုန်းကသဘောကျသွားတာလဲ..'

'ပထမဆုံးအကြိမ် စတွေ့ကတည်းကဆိုပါတော့..'

'တကယ်ကြီး!'

'လိမ်စရာလားဗျ....ကျွန်တော်ပထမဆုံးအကြိမ်ဒီဆိုင်မှာ ပန်းလာဝယ်တော့..ကျွန့်တော့်ကိုဧည့်ဝတ်ကျေစွာ..ပြောနေတဲ့အကို့ကိုမြင်မြင်ချင်းကြွေခဲ့တာပါ..အကိုကတော့...ဝယ်သူဖြစ်နေလို့...လိုက်ရောညီထွေဖြစ်အောင် ပြုံးပြုံးလေးနဲ့စျေးရောင်နေပေမယ့်...ကျွန်တော့်မှာတော့ အဲ့အပြုံးကြောင့် နေ့နေ့ညညဝဋ်ကျွေး ဆပ်နေရသလိုပါဘဲ...ပိုင်ဆိုင်ချင်တာလဲရူးမတတ်ဘဲ...သိရဲ့လားဗျ..'

'မင်းငါ့ကိုအဲ့လောက်တောင်ရူးတယ်...'

'ကျွန်တော်ပြောပြသလောက်ဘဲ ဇွတ်ယုံမနေနဲ့ အဲ့ထက်ဆိုးတာတွေအများကြီးရှိခဲ့တယ်...ကျွန်တော်ပြောတယ်လေ..အကို့ကိုပိုင်ဆိုင်ရဖို့..အလူးအလဲကြိုးစားခဲ့ရတာပါလို့...ဒါတောင်မှ အကိုက အဖြေပေးဖို့စျေးကိုင်နေသေးတယ်..အခုကျွန်တော်နဲ့အကိုရဲ့ဆက်ဆံရေးက ကိုယ့်ဟာလိုလိုနဲ့ကိုယ့်ဟာမဟုတ်တဲ့ကိုယ့်ဟာဖြစ်နေတဲ့အကိုဆိုသလိုဖြစ်နေပြီ'

'ဟာားးး..စိတ်လျှော့ပါ..အရူးလေးရဲ့..အခုငါ့ဘေးမှာ မင်းကလွဲပြီးဘယ်သူမြင်လို့လဲ..'

The language of flowers Where stories live. Discover now