Part :: 27

120 13 1
                                    

Uni

6 months Later;;

'မီးဆိုင်းတွေကို သေချာဂရုစိုက်နော်.....မီးသီးတွေကိုလည်း ရမရသေချာစစ်...ဒီနေ့ပွဲက အရေးကြီးတာသိတယ်မလား....'

'ဟုတ်ကဲ့'

'ဟုတ်ကဲ့'

'လုပ်စရာရှိတာသွားလုပ်တော့...'

'ဟုတ်...'

'စီနီယာ ဒီနားမှာလက်မှတ်ထိုးပေးဖို့လိုပါတယ်'

'အိုကေ ထားခဲ့လိုက်....ပန်းကိစ္စရောစီစဉ်ပြီးပြီလား....'

'ဟုတ်ကဲ့....ကျွန်တော်တို့ ပိုအရေအသွေးကောင်းပြီးစျေးသက်သာတဲ့ နေရာတစ်ခုနဲ့ဆက်သွယ်မိလို့ အရမ်းကံံကောင်းသွားတယ်...'

'ဟုတ်လား....အရင်နေရာမဟုတ်တော့ဘူးလား'

'ဟုတ်ကဲ့စီနီယာဂျောင်ဂု ....ဒီတစ်ခေါက်အခန်းအနားအတွက်လိုအပ်တဲ့ပန်းတွေက အရေအတွက်လည်းအရမ်းများတယ်....အရင်နေရာ က...ပန်းအမျိုးအစားတစ်မျိုး၊အရောင်တစ်ရောင်ထဲကို အရေအတွက်အများကြီးမရှိဘူး...ဒါကြောင့်မို့လို့ ကျွန်တော်တို့teamနဲ့တိုင်ပင်ပြီး ထပ်ရှာလိုက်တာ..စီနီယာကိုလည်း အစီရင်ခံစာတင်ထားပေးပြီးပါပြီ..'

'ဟုတ်လား...ငါမကြည့်ရသေးတာဖြစ်မယ်....'

'ဟုတ်ကဲ့'

'ဆိုင်ကဒ်ရှိရင်ထားခဲ့လိုက်လေ...နောက်ပိုင်းလိုအပ်ရင်ဆက်သွယ်လို့ရအောင်...'

'ဆိုင်ကတော့ ဆိုးလ်မှာမရှိဘူး.....နယ်ဘက်မှာဖြစ်လောက်တယ်...ဖုန်းတစ်ခုတည်းနဲ့ဘဲဆက်သွယ်လို့ရတာ...'

'မင်းတို့ဟာက သေချာရဲ့လား....အခုခေတ်ကြီးမှာ ဖုန်းတစ်ခုတည်းနဲ့ဆက်သွယ်လို့ရတာကတော့ သိပ်ဘဝင်မကျဘူး...လူလိမ်တွေလည်းဖြစ်နေအုန်းမယ်...'

'ကျွန်တော်တို့သေချာစစ်ဆေးပြီးပါပြီး....သူတို့စိုက်ခင်းက ဆိုးလ်မြို့အကျော်နားက ရွာမှာဘဲရှိတာ....ကြည့်ရတာ ပိုင်ရှင်က လူသိခံရတာမကြိုက်တဲ့ပုံစံံဘဲ....လူနည်းစုနဲ့ဘဲ ရောင်းဝယ်တယ်...ကျွန်တော်တို့က အဆက်အသွယ်တစ််ခုကနေ သိခဲ့လို့ကံကောင်းသွားတာ....ဒါပေမယ့်စိတ်ပူစရာတော့မရှိဘူးထင်ပါတယ်....ပိုင်ရှင်က ဖုန်းနဲ့ဘဲဆက်သွယ်လို့ရပေမယ့် အရမ်းတိကျတယ်..စနစ်တကျလည်းရှိတယ်...ဒီနေ့ဘဲ ပန်းတွေရောက်လာတော့မှာလေ .....ကျွန်တော့်တို့ အဖွဲ့ကကားတွေနဲ့ဘဲ သွားသယ်ခဲ့တာ....ငွေချေတာလည်း ငွေသားဘဲလက်ခံတာ...'

The language of flowers Where stories live. Discover now