Part :: 22

142 16 3
                                    

Uni

'ထယ်ယောင်း....ဦးလေးနဲ့ခနစကားပြောကြမလား..'

'ခင်ဗျာ'

ဂျောင်ဂု Daddyထွက်သွားပြီးနောက်၊ ထယ်ယောင်းနဲ့ ဂျောင်ဂု စကားပြောနေရာ၊ဦးလေးဒန်းထယ်ရောက်လာခဲ့ခြင်းပင်။

'ဦးလေးဒန်းထယ်..Daddyနဲ့လိုက်မသွားဘူးလား...'

'ထယ်ယောင်းကို မှာစရာလေးတွေရှိလို့နေခဲ့လိုက်တာာ...ထယ်ယောင်းကို ခနလောက်ငှါးလိို့ရမလား..ဆယ့်ငါးမိနစ်လောက်ဘဲကြာမှာပါ..'

'ဟို..'

'မောင်...အပြင်ခနထွက်ပေးပါလား...ငါဦးလေးနဲ့ စကားပြောလိုက််မယ်..'

'အကို..'

'မြန်မြန်..'

'ဟုတ်...မကြာစေနဲ့နော်'

ထို့နောက် ဂျောင်ဂုထွက်သွားသည်။

'ထိုင်ပါဦး ဦးလေး'

'အင်း!!ကျေးဇူးကောင်လေး..'

'ရပါတယ်...........ဦးလေးကျွန်တော့်ကို မှာစရာရှိတယ်ဆိုတာက..'

'ပထမဆုံး ဂုဏ်ယူပါတယ်နော်ကောင်လေး..'

'ဟုတ်ကဲ့ကျေးဇူးပါ..ဦးလေးကျွန်တော့်ကို ထယ်ယောင်းလို့ဘဲဖြစ်ဖြစ် ခေါ်လို့ရပါတယ်...ရင်းရင်းနှီးနှီးပေါ့..'

'ဒါဆို ...ယောင်းလေး လို့ခေါ်မယ်လေ..'

'ပိုကောင်းတာပေါ့...ဟီး...'

'ငါတို့ယောင်းလေးမှာ တောက်ပတဲ့အပြုံးတွေရှိတာဘဲ..'

မခိုးတရို့ပြုံးမိသည်။ ထယ်ယောင်းသည် သူ့အပြုံးတွေအတွက် အမြဲဝင်လေးခဲ့မိတာ၊ သူနဲ့အပြုံးဆိုတာ..မသက်ဆိုင်တဲ့ ရန်သူတွေလိုခက်ခဲခဲ့တဲ့အချိန်တွေ အများကြီးရှိခဲ့သည်မလား။ အခုသူ့ရှေ့က လူက သူ့အပြုံးတွေကို ဂုဏ်ယူစွာ သဘောကျပေးသည်။

'ကျေးဇူးတင်ပါတယ်ဦးလေး...ပထမဆုံးကြားဖူးတဲ့စကားပါ..'

'မဖြစ်နိုင်တာ...မကြာမကြာ မပြုံးဖြစ်လို့ဖြစ်မယ်..ဒီလိုအပြုံးမျိုးကို သေချာလေးသာ ဂရုစိုက်မွေးမြူမယ်ဆိုရင်...အဖိုးမဖြတ်နိုင်လောက်အောင်ဘဲ၊ဒါပေမယ့်လဲ..အခုတော့ စိတ်ပူစရာမရှိတော့ပါဘူး...ဂျောင်ဂုရှိနေပြီဘဲဟာာာ...'

The language of flowers Where stories live. Discover now