Part :: 30

371 25 3
                                    

Uni

လေပြေကတော့ တိုက်နေတာပေါ့၊တစ်ချက်တစ်ချက် အဲ့ဒီလေပြေထဲမှာ သစ်ရွက်ခြောက်လေးတွေလည်းပါလာတယ်။အရမ်းအေးချမ်းတဲ့ တောမကျမြို့မကျနေရာလေးတစ်ခုပါ။ အကို့လက်ကိုတွဲပြီး အကိုခေါ်ရာနောက်ဘဲလိုက်ခဲ့တာ၊ယာခင်းတွေလည်း တွေ့သလို...ပန်းခင်းတွေလဲပေါတယ်။

'အကို...ကျွန်တော်တို့လမ်းထပ်လျှောက်ရအုံးမှာလား..'

'ဘာလဲ..ညောင်းလို့လား..'

'အင်း..'

'နဲနဲထပ်သွားရင်ရောက်ပြီ..ဒါမဲ့ မောင် ညောင်းတယ်ဆိုရင် ဒီမှာဖြစ်ဖြစ် ခနလောက်နားရအောင်..'

ကံကောင်းချင်တော့ မလှမ်းမကမ်းနားမှာ အမိုးပါတဲ့ ထိုင်ခုံတန်းလျားလေးတစ်ခုရှိနေသည်။ခနထိုင်ပြီးဘဲဖြစ်ဖြစ်အမောဖြေရမည်။

'ဒါနဲ့ ဟိုမှာကျန်ခဲ့တဲ့အလုပ်ကိစ္စတွေက အဆင်ပြေပါ့မလား မောင်..'

'အဲ့အတွက်စိတ်မပူပါနဲ့...ကျွန်တော်ကCEOလေ...ညွှန်ကြားတာလောက်ဘဲ လုပ်တာ..ကျန်တာက သူ့teamနဲ့သူ တာဝန်ပေးထားပြီသား..'

'အွန်း...မောင်အဆင်ပြေတယ်ဆို အိုကေပါတယ်..ငါကစိတ်ပူလို့ပါ..'

'အဲ့တာတွေခေါင်းထဲမထည့်ပါနဲ့...အကိုရည်းစားတော်ထားတဲ့ လူက ဉာဏ်ကောင်းတယ်လေ...မသိဘူးလား..'

'ဟုပ်ပါပြီ..'

'ပိုအရေးကြီးတာ ပြောစရာရှိတယ်..'

'အင်း..ပြောလေ..'

အကို့မျက်လုံးတွေကိုစိုက်ကြည့်လိုက်ပြီး

'အကို အရမ်းလှလာတယ်..သိလား..'

'ဂျောင်ဂု!!! အကောင်းမှတ်လို့နားထောင်နေတာကို..'

'အိုကေအိုကေ...ဆူပုတ်ပုတ်မျက်နှာလေးမမြင်ရတာကြာလို့ စကြည့်တာပါ...အခုအတည်ပြောတော့မယ်..'

'ပြော'

'ကျွန်တော်တို့နှစ်​ယောက်ကိစ္စ လေ အကို့အဘွားကလက်ခံပါ့မလား..'

တစ်မျိုးတစ်ဖုံစိတ်ပူရတဲ့ ကိစ္စဖြစ်လို့ အကို့ရဲ့ အတွေးနှင့်သဘောထားကို သိချင်မိသည်။

'ငါလည်းမသေချာဘူးမောင်...အဘွားဘယ်လိုဆုံးဖြတ်မလဲဆိုတာ...'

'ဟူး...ရူးချင်တာဘဲ...ထပ်ခွဲရရင်လေ..ကျွန်တော်သေမှာ....'

The language of flowers Where stories live. Discover now