Part :: 3

392 41 5
                                    

Uni

'Hyung ဟိုဘက်နည်းနည်းလေးတိုး'

'မင်းဘက်မှာ နေရာအများကြီးရှိတယ်လေကွာ...'

'အဲကွန်းက ဒီလောက်အေးနေတာ...ပူးပူးကပ်ကပ်လေးနေတော့....တစ်ယောက်နဲ့တစ်ယောက်အနွေးဓာတ်ရတာပေါ့...'

'ဒါမဲ့ ကျပ်နေပြီလေဂျောင်ဂု ရယ် တစ်ယောက်တစ်ခုံဝယ််ထားတာကိို လွတ်လွတ်လပ်လပ်ထိုင်စမ်းပါ..'

'Hyung ကလဲဗျာ...'

မသိမသာလေး ဆူထွက်လာတဲ့ ကျွန်တော့်နှုတ်ခမ်းတွေကို အကိုက ရိပ်မိပုံပေါ်၏။ချက်ချင်းပင် ကျွန်တော့်အား အလျှော့ပေးသည်။

'လာလာ...ဒီဘက်တိုး...'

ကျွန်တော် ဘားမှမပြောတော့ဘဲ အကို့ဘက်နားကိုသာတိုးထိုင်လိုက်သည်။ ကျွန်တော်၏ ခေါင်းနောက်ကနေ လက်လျှိုတွင်းကာ ကျွန်တော့်ပခုံးတွေကိုဖက်လာတဲ့ အကို့အပြုအမူကို​တော့ ရုတ်တရက်မို့ ကျွန်တော်အံ့အားသင့်မိပေမယ့်...တကယ်ကိုသဘောကျရပါတယ်။ အကို့ရဲ့ ရွဲ့ပုံရွဲ့နည်းလေးကလည်း တစ်မျိုးချစ်ဖို့ကောင်းသား။ဒါတွေကြောင့်ဘဲ ကျွန်တော် ရူးရချည်ရဲ့ဗျာ။

'ဘယ်လိိုလဲ အခုနွေးသွားပြီမလား...'

'အင်း'

'နောက်တစ်ခါ ငါတို့ ရုပ်ရှင်ကြည့်ဖို့ စီစဉ်ရင် လက်မှတ်ကို တစ်ခုဘဲ ဝယ်ကြစို့....နော့်''

'Hyung ကျွန်တော့်ကိုရွဲ့နေတာလား..'

'မရွဲ့ပါဘူး...အခုခေတ်က ငွေချွေတာဖို့လိုတယ်လေ...ပြီးတော့ ပူးပူးကပ်ကပ်နေတာက နွေးလည်းနွေးတယ်..မင်းလဲကြိုက်တယ်မလား..'

'Hyung ကျွန်တော့်ကို ရွဲ့နေတာသေချာနေပါပြီ..'

'သိရင် ပြီးရော..ဂျစ်တူးကောင်...အခုရုပ်ရှင်ကြည့်မယ်...ငြိမ်ငြိမ်နေ..'

အကိုကို "ငြိမ်ငြိမ်နေ"ဆိုတဲ့စကားကို လက်ညှိုးတစ်ချက်ထိုးပြီး ကျွန်တော့်ကို အရိပ်အကဲပြတယ်။ ထို့ကြောင့် ကျွန်တော့် အသက်ရှုသံတွေတောင် ငြိမ်ကျသွားပြီး အသံမထွက်မိအောင် ကြိုးစားနေမိသည်။ ရုပ်ရှင်အား စိတ်ဝင်စားစွာကြည့်နေသော အကို့အား အနှောက်အရှက်ဖြစ်မှာစိုး၍ပင်။ကျွန်တော်မသိလိုက်ဘူး။ အကိုက ကျွန်တော့်ကို အဲ့လောက်ထိလွှမ်းမိုးနေမှန်း။

The language of flowers Where stories live. Discover now