Part :: 14

202 33 5
                                    

Uni

အကိိုရှိမှာပါဆိုတဲ့ မျှော်လင့်ချက်တစ်ခုတည်းနဲ့..ကျွန်တော် ဒီချွေးထုတ်ခန်းကိုနောက်တစ်ကြိမ်ရောက်ခဲ့ပြန်ပြီ။

'ဒီနေ့မှ..ဘာလို့လူက အဲ့လောက်များနေတာလဲ..ကျစ်'

လူအုပ်ကြီးကြားမှာ အကို့ကိုရှာရတာလဲ..ကျောက်ခဲတွေကြားထဲက..အဖိုးတန်ကျောက်စိမ်းတုံးကြီးကိုရှာရသလိုပါဘဲ။

ရှာရင်းဖွေရင်းနဲ့ဘဲ15မိနစ်လောက် အချိန်ဖြုံးမိသွားသည်။ထို့နောက် အရင်နေရာလေးမှာဘဲ...သူမကြိုက်ပါဘူးဆိုတဲ့ ကြက်ဥကို ခွါစားနေတဲ့အကို့ကိုတွေ့သည်။

ဘယ်ဘက်ရင်အုံက ခုန်နေတဲ့နှလုံးခုန်သံကြောင့် ဘေးကဖျက်သွားတဲ့အန်တီကြီးကပါ မျက်စောင်းထိုးသွားတယ်။အကိုရယ်..အကို့ကိုချစ်မိမှဘဲ ကျွန်တော့်ဘဝလဲကမောက်ကမဖြစ်တော့တယ်။

'အကို~~'

'ဂျောင်ဂု..မင်းဘယ်လို'

ကျွန်တော့်ကိုမြင်တာနဲ့ ထိုင်နေရကထထွက်သွားတဲ့အကို့ကို..အမြန်လိုက်ပြီး ရှေ့ကပိတ်ရပ်ကာ လက်တွေကိုဆွဲရပ်တန့်စေမိသည်။

'ထပ်ထွက်မပြေးပါနဲ့တော့...ကျွန်တော်တောင်းဆိုတာပါ..'

'မင်းဘယ်လိုရောက်လာတာလဲ..'

'အဲ့တာကအရေးမကြီးပါဘူး...ကျွန်တော်တို့အခုအိမ်ပြန်ရအောင်..ကျွန်တော်အကို့ကိုပြန်လာခေါ်တာ..'

'ငါပြောထားတယ်လေ...ငါတို့ခနခွဲနေသင့်တယ်လို့'

'ကျွန်တော်မှမခွဲနိုင်တာ🥺!'

'မင်းဘာဖြစ်နေတာလဲဂျောင်ဂု..'

'ကျွန်တော်တောင်းပန်ပါတယ်...တောင်းပန်ချင်လို့ဘဲ ဒီအထိလိုက်လာတာ...ကျေးဇူးပြုပြီး 5မိနစ်လောက်ဘဲကျွန်တော်နဲ့စကားပြောပေးပါ..ပြီးမှ ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို ရပ်ပြစ်ချင်တယ်ဆိုလဲ..ကျွန်တော်အကို့ကိုမတားတော့ဘူး'

'မင်းဘာပြောလိုက်တာလဲဂျောင်ဂု...မင်းက ငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ရပ်ပြစ်လိုက်ဖို့ပြောနေတာလား.....ငါက..ငါကမင်းစိတ်ထဲမှာ ဘယ်လောက်ထိအဆင့်အတန်းနိမ့်တဲ့ကောင်ဖြစ်နေပြီလဲ..ဟမ်'

The language of flowers Where stories live. Discover now