Uni
📞"""""
'ကျေးဇူးနော် Daddy... Daddy အမေရိကားရောက်နေတာတောင် ဒုက္ခလှမ်းပေးရလို့ စိတ်မကောင်းပါဘူး..'
'Seoul မြို့လည်ခေါင်က mini ပန်းဆိုင်လေး တစ်ဆိုင် ဝယ်ပေးရရုံနဲ့တော့ Daddy ငွေပုံကြီး အရာမယွင်းပါဘူး...Daddy ရှာတဲ့ပိုက်ဆံဘဲ ငါ့သားသုံးချင်သုံးဖြုန်းချင်ဖြုန်း ဘားမှကိစ္စမရှိဘူး...'
'တကယ် ကျေးဇူးပါDaddy ရာ..'
'Jungkook...Daddy သားကို မုန့်ဖိုးပေးတာ နည်းများနည်းနေသလား'
'မနည်းပါဘူး Daddy ရာ...သားမှာ သုံးလို့တောင်မကုန်ဘူး.. cardထဲမှာ ငွေတွေက ဒီအတိုင်းဘဲ ပုံတောင်မပျက်ဘူး...'
'ဟင်း..ဒါနဲ့များ ဘာလို့ Daddy ကို အဲ့ဒီပန်းဆိုင် ဝယ်ခိုင်းနေသေးလဲငါ့သားရယ်...သားဘာသားဝယ်လိုက်လဲရနေတာဘဲ..နောက်ကျရင် သား card ထဲ Daddy ငွေပြန်ဖြည့်ပေးမှာပေါ့..Daddy မှာ ဒီဘက်နိုင်ငံက ရှယ်ယာကိစ္စတွေနဲ့ ဘယ်လောက်တောင်အလုပ်ရှုပ်သွားတယ်ထင်လဲ...'
'စာချုပ်စာတန်းနဲ့မှ ရောင်းမဲ့ဆိုင်ဖြစ်နေလို့ပါ Daddyရယ်...Daddy ရဲ့ Jeon Group နာမည်နဲ့ ဝယ်မှ ပိုပြီး မြန်မှာမို့လို့ပါ..'
'ငါ့သားက ဘာတွေအဲ့လောက်တောင် အလျင်လိုနေတာလဲ...Daddy လည်း သိချင်နေတာ ပန်းဆိုင်ကိုတောင် ဝယ်ပေးဖို့ ပူဆာတဲ့ အထိဆိုတော့..ပြောစမ်းပါအုံး ငါ့သားဘာတွေများလုပ်ဖို့စဉ်းစားနေလဲ...'
'ဟို....သားလည်း အဖေတူသားဖြစ်ပြီနဲ့တူပါတယ် Daddyရယ်..'
'ဟ....ဆင်ခြေက ကောင်းလှချည်လား...ပြောစမ်းပါအုန်း..'
'Daddy ဘဲ ပြောတယ်လေ..Mommy ကို တွေ့တွေ့ချင်းချစ်မိပြီး အသည်းအသန်အရယူခဲ့တာဆို...အခု...ကျွန်တော့်မှာလဲ မြင်မြင်ချင်း ချစ်မိသွားတဲ့ သူ ရှိနေပြီ...ကျွန်တော် သူ့ကိုပိုင်ရဖို့...သားဘာဘဲလုပ််ရလုပ်ရ လုပ်ရတော့မှာဘဲ.. ပန်းဆိုင်တစ်ခုလုံး ဝယ်လိုက်ရတာမကလို့ တောင်ကိုးရီးယားတစ်နိုင်ငံလုံးဖြိုချရမယ်ဆိုတောင် လုပ်သင့်ရင် လုပ်ရမှာဘဲ..'
'ဟဟ...ဟင်း.....ငါ့သားတောင် ကောင်းကောင်းကြီးချစ်တာလာတာဘဲ...Daddy စိတ်ချမ်းသာလိုက်တာ...ဟုပ်ပါပြီ..ငါ့သား ခြေငြိမ်တော့မယ်ဆိုတော့ Daddy အပြည့်အဝအားပေးတယ်..'
YOU ARE READING
The language of flowers
Teen FictionTAEKOOK Type-Drama Uni & Zawgyi ပန်းဆိုင်ကဝန်ထမ်းကောင်လေးကိုလိုချင်တာနဲ့ ပန်းဆိုင်ကိုပါသိမ်းလိုက်ရတယ်ပေါ့🌷