Uni
📞ဂျောင်ဂု
📞ဟုပ် ......Hyung ဘာဖြစ်လို့လဲ..ဘာလို့ Hyung အသံကအဲ့လောက်ထိ ဖျော့နေရတာလဲ
သိသိသာသာကြီးကို အားနည်းနေပုံပေါက်တဲ့ အကိုရဲ့ အသံကြောင့် ထိုင်နေတဲ့နေရာနဲ့ ၆ပေအကွာလောက်မှာရှိတဲ့ ကားသော့ကို ကျွန်တော်ဆွဲယူပြီးသားဖြစ်နေပြီ။
📞မင်းအခု ငါ့ဆီလာခဲ့လို့ရမလား
📞အကိုအခု ဘယ်မှာလဲ?
ဒီရက်ပိုင်း ကျောင်းက project တွေများနေတာတဲ့ အိမ်ပြန်မအိပ်ဘဲ ကွန်ဒိုမှာ နေဖြစ်နေတာကို ကျေးဇူးတင်ရမယ်။ ဖုန်းက GPS ကို ထုတ်ကြည့်လိုက်တော့ အကိုရဲ့တည်နေရာက ကျွန်တော့်ရဲ့ကွန်ဒိုနဲ့ သိပ်မဝေးတာကြောင့်။
၁၀ မိနစ်လောက်ကားမောင်းလိုက်တော့ ချွေးထုတ်ခန်းတစ်ခုကိုရောက်တယ်။ GPS လမ်းညွှန်အရ အကိုဒီမှာရှိနေတာတော့ သေချာသလောက်ဘဲ။ အရင်က အများသုံးရေချိုးကန်ကိုမလာဖူးတော့ အတွေ့အကြုံက နဲနဲတော့စိမ်းသက်သက်ဖြစ်နေတယ်။ Drama တွေမှာ ပါနေကြ ဇာတ်ဝင်ခန်းတစ်ချို့ရဲ့ အထောက်အကူနဲ့ ကျွန်တော်အများကြီးအားမထုတ်လိုက်ရပါဘူး။ နာမည်စာရင်းပေးပြီး အထဲဝင်လာလိုက်တယ်။ နည်းနည်းလောက် မျက်စိကစားကြည့်လိုက်တော့ တွေ့ပါပြီ ကျွန်တော့်ရဲ့ ဖက်ထုပ်လေး။
ခေါင်းကို အဖြူရောင် သဘက်နဲ့ပေါင်းထားပြီး အရင်တွေ့နေကြဝတ်စုံမျိုးဝတ်မထားပေမဲ့ ကျွန်တော်အကိုမှန်းတန်းသိပါတယ်။ စတွေ့ကတည်းက ကြွေခဲ့ရတဲ့ မျက်ဝန်းတွေ၊နှာတံစင်းစင်းနဲ့ နှုတ်ခမ်းဆွေးဆွေး၊အဲ့ဒီအစိတ်အပိုင်းတစ်ခုချင်းဆီက ဒီနိုင်ငံမှာ အကို့အပြင် တစ်ခြားသူမှမရှိဘဲ။
'Hyung'
ကျွန်တော်လှမ်းခေါ်တော့ ချက်ချင်းလှည့်ကြည့်တယ်။သိပ်သိသာတာဘဲ။ အကို့ကို Hyung လို့ခေါ်တာ ကျွန်တော်အပြင် တစ်ခြားမရှိမှန်း။
Hyung means [အကို]
'မင်း..'
အံ့ဩသွားတဲ့ပုံလေးမြင်ရတော့...ကျွန်တော် ကမန်းကတမ်း ကားမောင်းထွက်လာရကျိုးလေးနပ်သွားတာပေါ့။
YOU ARE READING
The language of flowers
Teen FictionTAEKOOK Type-Drama Uni & Zawgyi ပန်းဆိုင်ကဝန်ထမ်းကောင်လေးကိုလိုချင်တာနဲ့ ပန်းဆိုင်ကိုပါသိမ်းလိုက်ရတယ်ပေါ့🌷