Part :: 21

124 20 1
                                    

Uni
'တစ်ခါတစ်လေ ငါလည်းအမေ့လိုမျိုးနှလုံးရောဂါရချင်တယ်...အဲ့တာမှ မခံစားနိုင်တဲ့အဆုံး သေလိုက်ရအောင်'

'အကို...ကျွန်တော့်ကိုကြည့်ပါအုံး...ဘာဖြစ်တာလဲ...ဘာဖြစ်လို့ဒီလိုတွေပြောနေတာလဲ'

'လောကကြီးက ငါသည်းခံနိုင်သလောက်ဘဲ ရက်စက်တတ်ရင်ကောင်းမယ်မောင်...ငါသည်းခံနိုင်သလောက်ဘဲလေ..'

'ကျွန်တော်တစ်ယောက်လုံးရှိနေတာ...ဘာလို့လောကကြီးကိုစောက်ဂရုစိုက်နေတာလဲ'

'ကုပ္ပဏီကဖုန်းဆက်လာတယ်...စာချုပ်ချုပ်ဖို့ကိစ္စကို ဖျက်သိမ်းလိုက်ပြီတဲ့...နစ်နာကြေးကို ပို့ပေးလိုက်မယ်တဲ့..'

'ဘာ!!!......တောက်စ်...အဲ့လိုလုပ်လို့ရရောလား...ကျွန်တော်အခုသွားရှင်းမယ်..'

'မောင်...မလုပ်နဲ့...မလုပ်နဲ့...'

ကျွန်တော့်လက်တွေကိုဆွဲပြီး အပြင်းအထန်ဟန့်တားနေတဲ့အကို့ကို ကျွန်တော်နားမလည်နိုင်တော့ဘူး။

'ဒါဆို ဒီတိုင်းဘဲထားလိုက်ရတော့မှာလား...အကို့ကိုအခုလို မျက်ရည်ကျအောင်လုပ်ထားတာလေ...အဲ့ကုပ္ပဏီကို ရပ်တည်လို့မရအောင် ဒေဝါလီခံတဲ့အထိ လုပ်ပြစ်ရမှာ....ကျွန်တော့်ကိုမယုံဘူးလား...အကိုသာဆန္ဒရှိမယ်ဆိုရင်..သူ့တို့ကိုတရားစွဲပြီး..ထောင်ချပြစ်လို့ရတယ်'

'ဟင့်အင်း...အဲ့လိုလုပ်တော့ရော...ဘားများထူးလာမှာမို့လို့လဲ..'

'အကို့မျက်ရည်တွေအတွက် အလျော်အစားဆိုတာ ရှိရမှာပေါ့...အဲ့တာကျွန်တော်လိုချင်တဲ့မျှတမှုဘဲ..'

'ငါ့စကားနားထောင်ပါနော်မောင်...ငါအရမ်းကိုရှော့ရသွားလို့ပါ...တကယ်တော့လည်း..အခုလိုဖြစ်တာက ငါ့အတွက်ပထမဆုံးအကြိမ်လဲမဟုတ်ပါဘူး..'

'မတူဘူးလေ..အကိုရဲ့...အရင်ဟာတွေတုန်းက..အရွေးမခံရတာ...အခုက အရွေးခံရပြီးတော့ သတ်သတ်ကိုဖျက်ချခံရတာ...တစ်ယောက်ယောက်က သတ်သတ်ချောက်ချနေသလားဘဲ...ကျွန်တော်သံသရတောင်ဝင်မိတယ်..'

'ဘယ်သူက ငါ့အတွက် အဲ့လောက်အချိန်ကုန်ခံမှာလဲ..ထားလိုက်ပါတော့'

'အကို...အကို လဲကျလိုက်လို့လဲရပါတယ်...အဲ့ဒီလဲကျသွားတဲ့ နေရာတိုင်းမှာ ကျွန်တော်ရှိနေမှာမို့ ဒဏ်ရာအနာတရဖြစ်မှာလဲ မပူရသလို ပြန်ထူးပေးဖို့ရာလဲ စိတ်ပူစရာမလိုပါဘူး.....အဲ့ဒါကြောင့် မျက်ရည်တွေကိုထိန်းမထားဘဲနဲ့...သဘောထားကြီးချင်ယောင်ဆောင်မနေဘဲနဲ့..ဒီတိုင်းလောကကြီးကိုဒေါသထွက်လိုက်စမ်းပါ...ကြိမ်ဆဲလိုက်စမ်းပါအကိုရယ်...'

The language of flowers Where stories live. Discover now