Part :: 4

298 39 1
                                    

Uni

🩸

'Hyung ဒီမိန်းကလေးက ခေါင်းပေါက်ထားတာဘဲ...ဒဏ်ရာက နဲနဲပျင်းတယ်နော်...ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ...'

'သွေးထွက်လွန်သွားရင်...ဒီထက်ပိုဆိုးလိမ့်မယ်...Hyung လူနာတင်ကားခေါ်လိုက်မယ်...'

'မြန်မြန်လုပ်ပါHyung'

တယ်လီဖုန်းကိုင်ဖို့ပြင်နေတဲ့ အကို့ရဲ့ လက်တွေကို သတိမေ့နေတဲ့ ထိုမိန်းကလေးက ထလာပြီး သွေတွေပေကျံနေတဲ့လက်နဲ့ လှမ်းဆွဲလာတယ်။

'မဆက်နဲ့...ကျေးဇူးပြုပြီး...'

တိုးငင်တဲ့ သူမ၏အသံကို ကြားနိုင်ရန် ကျွန်တော်ကော အကိုပါ အားစိုက်နားထောင်နေရသည်။

'Hyung သူ့မှာ တစ်ခြားဖိအားတစ်ခုခုရှိနေတယ်ထင်တယ်...နောက်ပြီး သူဆေးရုံလည်းမသွားချင်ဘူးနဲ့တူတယ်...'

'ဒါဆိုဘယ်လိုလုပ်ကြမလဲ...ငါ..ငါလည်း ဆေးမကုတတ်ဘူး...'

ဒုန်း......

ထိုစဉ် တံခါးကို အရှိန်ပြင်းစွာ တိုက်ဖွင့်နေတဲ့အသံကို ထပ်မံကြားလိုက်ရသည်။

ဒုန်း...ဒုန်း....

'ဟာ...ဘယ်သူက တံခါးကို လာတိုက်နေတာလဲ...ကျစ်...'

'မဖွင့်နဲ့...တံခါးမဖွင့်ပေးပါနဲ့နော်...ဖွင့်..ဖွင့်ပေးရင် ကျွန်မသေလိမ့်မယ်...'

ကျွန်တော် ပိုပြီးလန့်မိတယ်။ တစ်မှုကမပြီးသေးဘူး နောက်တစ်မှုက ထပ်တိုးလာသည်။သို့သော်...အခုထိ ထိုမိန်းကလေးဘယ်သူဘယ်ဝါမှန်း ကျွန်တော်မသိရသေး။

'Hyung သူ့ကိုသိလား?'

'သူက Hyung အခန်းအောက်ထပ်က ပါ...သူတို့ဒီကိုစပြောင်းလာတော့ တစ်ခါဆုံဖူးတယ်...'

'ဒါဆို..ဟိုညားခါစလင်မယား...'

'ဟုပ်ပါတယ်...အခု အမယောကျာ်း အမကို လိုက်သတ်နေလို့...သူ့လက်ထဲမှာ ဓားလဲကိုင်ထားတယ်...သူအမကိုတွေ့ရင် တွေ့တဲ့နေရာမှာသတ်မှာ...'

ထိုမိန်းကလေးက ကျွန်တော့်ခြေထောက်တွေကိုပါ ကိုင်ဆွဲ ဦးတင်ပြီး တောင်းပန်လာတော့တယ်။

'နေပါဦး...အမတို့နှစ်ယောက်ကဘာဖြစ်ကြတာလဲ...'

ဒုန်း """ဒုန်း"""

The language of flowers Where stories live. Discover now